Part - 2

273 31 0
                                    

" တနေကုန်တနေခမ်းဒီမှာရှိနေတာကိုဘယ်တော့လူတောတိုးရဲမှာလဲ "

နွေဦးမောင်စာဖတ်နေတဲ့နေရာမှာရုတ်တရက်ဝင်လာပြီးစကားနာထိုးသူမှာမိခင်ဒေါ်ရွေခင်စောပင်ဖြစ်သည်။

" နွေဦးမောင် သမီးကမာမီ့ဆီမရောက်လာတော့မာမီကပဲသမီးဆီကိုအရောက်လာခဲ့တာ "

" ဘာကိစ္စရှိလို့လဲ ပြောစရာရှိတာပြောပါအချိန်မရှိဘူး "

" အရိုင်းအစိုင်းလေး ဖအေတူသမီးလေးပဲ "

" ရှင့်အတွက်ရိုင်းရင်ရိုင်းလိမ့်မယ် ဒါပေမယ့်ဒယ်ဒီ့အတွက်ကျွန်မကလိမ်မာတဲ့သမီး အော် ပြီးတော့ ဒယ်ဒီကကျွန်မဘဝမှာအကောင်းဆုံးသောဖခင်တစ်ယောက်ပဲ "

" နွေဦးမောင် ငါကနင့်အမေနော် နင်ကပ်ကပ်လှန်ပြန်ပြောနေတာနင့်ရဲ့မာတာကျေးဇူးရှင်ဆိုတာမမေ့နဲ့ဦး "

" အဲ့တော့ထိုင်ကန်တော့နေရမှာလား မွေးကျေးဇူးသာရှိမယ် ကျန်တာကတော့ကျွန်မအပေါ်မှာဘာတာဝန်ယူမှုဘာကျေးဇူးတရားမှရှိမနေပါဘူး ရှင့်လိုငွေမက်တဲ့အမေမျိုးကမွေးထားတာကျွန်မကိုကျွန်မတောင်ရှက်တယ် "

" နွေဦးမောင်...(ဖြောင်း)"

နွေဦးမောင်ရဲ့ပါးပေါ်သို့လက်ရောက်သွားခဲ့သည်။

" မုန်းတယ် ရှင့်ကိုမုန်းတယ် "

မျက်ရည်ကျလာကာလွယ်အိတ်ကိုကောက်လွယ် lap top ကောက်ကိုင်လိုက်ကာဒေါသပါသောခြေလှမ်းတွေနဲ့ထွက်သွားလေသည်။

" သမီးငယ် "

" ဒယ်ဒီ "

အိမ်ထဲဝင်ဝင်ချင်းပဲဖခင်ဖြစ်သူကိုပြေးဖက်ပြီးငိုတော့သည်။

" နွေဦးမောင် သမီး ဘာဖြစ်လာတာလဲ "

" မာမီ သမီးပါးကိုရိုက်လွတ်လိုက်တယ် "

" ဘယ်လို "

" မာမီ့ကိုမုန်းတယ် "

" ကဲပါ ဟုတ်ပါပြီ မငိုနဲ့တိတ်တော့ သွား သွားနားတော့ "

သမီးဖြစ်သူကိုလွတ်လိုက်ပြီးဒေါ်ရွှေခင်စောထံချက်ချင်းဖုန်းကောက်ဆက်လေသည်။

" ဟယ်လို "

" ရွှေ ငါတို့သမီးလေးကိုဘာလုပ်လိုက်တာလဲကွာ "

Secret Love On AirWhere stories live. Discover now