Part - 12

220 36 4
                                    

" မမ "

" မိုး မိုးစားဖို့ဆန်ပြုတ်လုပ်ထားတယ် နဲနဲဝင်အောင်စားပါဦးလား "

" မမမအိပ်တာဘယ်နှညရှိနေပြီလဲ မျက်တွင်းတွေကတော်တော်လေးချိုင့်သွားတယ် "

" နှစ်ညတည်းပါ "

" မမိုးနေမကောင်းကတည်းက ခုဆိုရင် ညကောင်းကောင်းမအိပ်တာ တစ်ပတ်လောက်ရှိပါပြီ "

အသံတွေခပ်ထန်နေလား သိမ်ဝင်နေလား မသိတတ်တော့တဲ့နွေဦးမောင်တစ်ယောက်သူမတို့နဲ့ခပ်လှမ်းလှမ်းတစ်နေရာမှာရပ်ရင်းပြောနေသည်။

" မမ "

ဝိုင်းလဲ့ရွှန်းနေသောမျက်လုံးတွေနဲ့စိမ့်စမ်းညိုကိုသူမကြင်နာစွာကြည့်နေမိသည်။

" နွေဦးမောင် "

ရာသီဥတုသာယာနေခဲ့တယ် အေးချမ်းတဲ့ဥတုကလေး သို့ပေမယ့် တစ်စုံတစ်ယောက်ရဲ့ရင်ထဲမှာတော့ပူလောင်ခဲ့ရပြီ။

" အန်တီစိမ့်စမ်းညို "

" အန်တီတောင်းပန်ပါတယ် "

" အန်တီစိမ့်စမ်းညို ဘာကိုတောင်းပန်တာလဲ "

" အန်တီ့ရဲ့လုပ်ရပ်အတွက် "

" မလိုပါဘူး လူတိုင်းကကိုယ်ချစ်တဲ့သူကိုရွေးချယ်ကြမှာပဲလေ ဥပမာ အန်တီစိမ့်စမ်းညိုကမမိုးကိုရွေးတယ် ပြီးတော့နွေဦးလည်းနွေဦးချစ်တဲ့အန်တီစိမ့်စမ်းညိုကိုရွေးချယ်တယ် "

" အို..."

" ဟုတ်တယ် အန်တီစိမ့်စမ်းညို အန်တီစိမ့်စမ်းညိုကိုသမီးချစ်နေခဲ့တာပါ လေလိုင်းတွေထဲကစခဲ့တဲ့အချစ်တစ်ခုကခုထိမပြောင်းလဲပဲတည်ရှိနေခဲ့တာပါ "

" နွေဦးမောင် သမီးကိုအန်တီဆက်ဆံပုံတွေကမျှော်လင့်ချက်ပေးသလိုမျိုးဖြစ်နေခဲ့ပြီလားမသိပါဘူး ဒါပေမယ့် အန်တီဆုံးဖြတ်ပြီးသွားပါပြီ သမီးကိုယ့်လမ်းကိုလျှောက်ပါ တခြားတစ်စုံတစ်ယောက်ကိုချစ်ပစ်လိုက်ပါတော့ "

" ဟင့်အင်း မချစ်နိုင်ပါဘူး အန်တီစိမ့်စမ်းညို သမီးဘယ်သူ့ကိုမှမချစ်နိုင်ပါဘူး အန်တီစိမ့်စမ်းညိုအပေါ်ကိုလည်းဘာမှမျှော်လင့်ချက်မထားခဲ့ပါဘူး ဒီတိုင်းပဲချစ်နေခဲ့တာပါ ထပ်ပြီးတော့လည်းဒီတိုင်းချစ်နေမှာပါ "

Secret Love On AirWhere stories live. Discover now