Part - 4

300 32 0
                                    

12 years ago...

" မာမီ မာမီ သမီးကိုထားမသွားပါနဲ့ မာမီ ကြောက်တယ် "

ညအမှောင်ထဲမှာ မိုးခြိမ်းသံတွေနဲ့အတူ 9 နှစ်အရွယ်သမီးတစ်ယောက်ရဲ့မိခင်ဖြစ်သူကိုတောင်းပန်သံတွေ တောင်းဆိုသံတွေ ငိုယိုသံတွေနဲ့အတူ မိုးကလည်းဖြိုင်ဖြိုင်ရွာသွန်းနေခဲ့သည်။

" ဖယ်စမ်းပါ နင့်ဒယ်ဒီနဲ့စုပ်စုပ်ပြတ်ပြတ်နေခဲ့ ဖယ်လို့ပြောနေတယ်လေ "

သူမခြေထောက်ကိုအတင်းကာဖက်တွယ်တောင်းပန်နေသောကလေးသေးသေးလေးကိုအဝေးသို့ဆောင့်တွန်းလိုက်သည်။

" ရွှေရယ် သမီးကိုသနားပါဦး ကို့မျက်နှာမမြင်ချင်တောင်သမီးလေးကိုထောက်ပါဦး "

" မထောက်နိုင်ဘူး ရှင့်လိုအသုံးမကျတဲ့ယောကျ်ားနဲ့ကျွန်မဘယ်လိုမှဆက်မပေါင်းနိုင်ဘူး ကျွန်မကိုယ့်လမ်းကိုရွေးတာ ကျွန်မဘယ်တော့မှမမှားဘူး "

" ရွှေ ရွှေရာ "

" ဖယ်စမ်းပါ "

" မာမီ မာမီ "

9 နှစ်အရွယ်သမီးကလေးရဲ့ငိုသံတွေတောင်းပန်သံတွေကလွှမ်းမိုးနေခဲ့တော့သည်။

" နင်သိပ်ရက်စက်တာပဲ ရွှေခင်စော သိလား နင်ဟာလေအသည်းနှလုံးမရှိတဲ့အယုတ်တမာမကြီးကျနေတာပဲ "

" တို့အခုနောင်တရနေပါပြီ မြရိပ်ချိုရာ ဘယ်လိုဖြစ်ဖြစ် ဘယ်လိုပဲလုပ်ရလုပ်ရ သမီးလေးနဲ့ပြန်အဆင်ပြေချင်တယ် သူ့အတွက်မိခင်ကောင်းတစ်ယောက်ပြန်ဖြစ်ပေးချင်တယ် "

" တော်တော်လေးတော့ကြိုးစားရမှာ ရွှေ "

" အင်းလေ ဒီလောက်တောင်လုပ်ထားမှတော့ဘယ်သူကစိတ်မနာပဲနေမလား "

" ညိုအတတ်နိုင်ဆုံးကူညီပေးမယ်လေ ကလေးမလေးက အပြင်သာမာကြောပြကေမယ့်သူ့အတွင်းစိတ်တွေကဒဏ်ရာတွေနဲ့ဗရပွဖြစ်နေပုံပဲ တို့ကြည့်တာထွက်တယ် "

" အားကိုးပါတယ် ညိုရယ် "

" အရမ်းကြီးတော့မျှော်လင့်မထားပါနဲ့ဦး ညိုဒီမှာရှိနေတဲ့အတောအတွင်းကတော့တတ်နိုင်သမျှစိတ်ရင်းနဲ့ကူညီလုပ်ပေးပါ့မယ် "

Secret Love On AirWhere stories live. Discover now