Part - 10

230 35 2
                                    

" မိုးဝေရီဆိုတာဘယ်လိုလူမျိုးလဲ အန်တီစိမ့်စမ်းညို "

တိတ်ဆိတ်နေတဲ့စကားဝိုင်းထဲမှာနွေဦးမောင်ကစကားပြန်စလေသည်။

" လူရောစိတ်ထားရောလှပတဲ့မိန်းကလေး လူတိုင်းအပေါ်မှာစိတ်သဘောထားသိပ်ပြည့်ဝတဲ့သူအန်တီ့ကိုလွှဲလို့ပေါ့ ဆရာဝန်တစ်ယောက်ဆိုတဲ့အတိုင်းပါပဲအမြဲပြုံးနေတတ်တယ်သူ့မြင်ရင်ကိုရောဂါတစ်ဝက်ကသက်သာပြီးသားပါပဲ "

ကိုယ်ချစ်တဲ့တစ်စုံတစ်ယောက်ကသူချစ်တဲ့တစ်စုံတစ်ယောက်အကြောင်းပြောပြတာခံရဖူးလား။အဲ့ဒီခံစားချက်ကြီးကဘယ်လောက်တောင်မှရင်နင့်ဖွယ်ကောင်းပြီးခံပြင်းစရာကောင်းသလဲ။ခုလည်းမိုးဝေရီအကြောင်းပြောနေတဲ့စိမ့်စမ်းညိုတစ်ယောက်မှာမျက်လုံးတွေမှာကြည်နူးခြင်းအရောင်တွေတောက်ပနေခဲ့တယ်။နှလုံးသားမှာအချစ်ပန်းတွေပွင့်နေတယ်။

" အန်တီစိမ့်စမ်းညိုရဲ့နှလုံးသားအစုံကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ဒေါက်တာမိုးဝေရီဆိုတဲ့မိန်းမလှလေးနဲ့တွေ့ဖူးချင်လိုက်တာ "

" စိတ်မကောင်းဖြစ်သွားလား "

" မေးရက်လိုက်တာ "

ရင်ထဲကတိုးတိုးတိတ်တိတ်လေးဖြေခဲ့ပါတယ်။သူမရဲ့မျက်ဝန်းညိုလေးကိုစိုက်ကြည့်ရင်းနဲ့ပေါ့။

" sry ပါ အန်တီမရည်ရွယ်ပါဘူး "

" ရပါတယ် "

အချိန်တွေပုံမှန်လည်ပတ်ရင်းနဲ့ရှမ်းပြည်ခရီးကိုအတူတူချီကြလေပြီ။

" စိမ့် "

" မမ "

" လွမ်းလိုက်တာကွယ် ရှင်လေးကို "

ဒေါက်တာမြကြာဖြူ-ရှမ်းပြည်မြောက်ပိုင်းနမ့်လန်မြို့သေးသေးလေးရဲ့မေတ္တာစံအိမ်ဆေးတိုက်ရဲ့ပဲ့ကိုင်ရှင်မောက်ဝိုင်ဝမ်းရဲ့ချစ်ရသောဇနီးအမျိုးသမီးလေး...( အချစ်ရှိရာဤမောရှမ်းမြေထဲက ဒေါက်တာမြကြာဖြူနဲ့မောက်ဝိုင်ဝမ်းတို့ပါ )

စိမ့်စမ်းညိုနဲ့ဒေါက်တာမြကြာဖြူတို့ကအသိမိတ်ဆွေတွေထက်ပိုတဲ့ friship တစ်ခု

" ying ရေ "

" ဟုတ် ဒေါက်တာ "

" တီစိမ့်တို့ရောက်ပြီ "

Secret Love On AirWhere stories live. Discover now