Part - 7

194 29 2
                                    

" အန်တီစိမ့်စမ်းညိုလည်း ဆရာမဂျူးကိုကြိုက်တာပဲလား "

" အွန်း အကြိုက်ဆုံးပေါ့ အဲ့ထဲကမှအမှတ်တရကိုအကြိုက်ဆုံး "

" ရင်နာလိုက်ရတယ်ဆိုတာမပြောချင်တော့ပါဘူး စုစုထွေးကိုမောင်ကဘာလို့ထားသွားခဲ့ရက်လဲ စုစုထွေးကရောဘာလို့မောင့်ကိုမှချစ်နေမြဲလဲ "

" အခါခါဖတ်ပြီး အခါခါရင်နာရတာမျိုးတွေကိုလည်းသဘောကျတယ် "

" ဆရာမဂျူးရဲ့အချစ်ခံယူချက်ကို နွေဦးကတော့သိပ်သဘောမတွေ့သလိုပါပဲ ချစ်မှတော့အနဲနဲ့အများပိုင်ဆိုင်လိုစိတ်ရှိကြတာပဲမဟုတ်လား အပြင်လက်တွေ့မှာအဲ့လိုအချစ်မျိုးနဲ့ချစ်နိုင်တဲ့သူတကယ်ရောရှိလို့လား "

" လူတိုင်းမှာစိတ်အမျိုးမျိုးရှိနိုင်ကြတာပဲလေ
ဂျူးရဲ့စာတွေမှာ သူ့ရဲ့အချစ်ခံယူချက်ဆိုတာထက်ပိုတဲ့အရာမျိုးတွေသဘောကျမိတယ် "

နှစ်ယောက်ကြားခနတိတ်ဆိတ်သွားခဲ့ပြီး...

" စကားတစ်ခုရှိတယ် အသက် ၅ နှစ်ကွာရင် ခေတ်တခေတ်ကွာတယ်တဲ့ အန်တီနဲ့နွေဦးဆို 4 ခေတ်နီးပါးလောက်တော့ကွာမယ် "

" 4 ခေတ်ထဲကို မများပါဘူး "

စိမ့်စမ်းညိုအသာကလေးရီမိသွားသည်။

" အတွေးအခေါ်ခံယူချက်ချင်းတွေကတော့သေချာပေါက်ကွာပါတယ် သမီးရဲ့ "

" အန်တီစိမ့်စမ်းညိုရဲ့ အချစ်ခံယူချက်ကဘယ်လိုလဲဟင် "

" ဂျူးနဲ့အတူတူပါပဲ "

" ဘာလို့လဲ အန်တီစိမ့်စမ်းညိုတို့လိုလူကြီးတွေကအကုန်နီးပါးဒီလိုတွေပဲနော် နားမလည်နိုင်တော့ပါဘူး ကိုယ်ချစ်တဲ့သူကိုတိတ်တိတ်လေးပဲပြုစုပျိုးထောင်ပေးရုံပဲဆိုတာမျိုး "

" သမီးငယ်သေးပါတယ် ဒါတွေတနေ့ကျလူကြီးဖြစ်လာရင်နားလည်လာလိမ့်မယ် မဟုတ်သေးပါဘူး သမီးချစ်တတ်သွားတဲ့တနေ့ဒါမှမဟုတ်သမီးတကယ်ချစ်မိသွားတဲ့သူနဲ့တွေ့သွားရင်သမီးရဲ့အချစ်တွေဟာလည်းအလိုလိုပုံစံပြောင်းသွားလိမ့်မယ် "

" ဟင့်အင်း နွေဦးကတော့နွေဦးချစ်တဲ့သူကိုပိုင်ဆိုင်ရမှဖြစ်မှာပါ ဆရာမဂျူးနဲ့အပြင်မှာဆုံရတဲ့တနေ့ကျပြောဦးမယ် ဆရာမဂျူးရဲ့အချစ်ခံယူကိုပြောင်းရင်ပြောင်းမပြောင်းရင်လည်းကိုယ့်ဘာကိုတစ်ယောက်တည်းခံယူလို့ မဟုတ်ရင်တလောကလုံးမှာရှိတဲ့အန်တီစိမ့်စမ်းညိုတို့လိုအပျိုကြီးတွေကလိုက်လိုက်ခံယူကြလွန်းလို့ဆိုပြီးဂျီကျဦးမှာ "

Secret Love On AirWhere stories live. Discover now