Part - 13

233 31 4
                                    

" နွေဦးမောင် "

" မမ "

" အဆင်ပြေရဲ့လား "

" ဟုတ် "

" ရော့ juice လေးသောက်ဦး "

" ကျေးဇူးပါ မမ "

" ကိုယ့်ကိုယ် ဘယ်လိုစသိတာလဲ "

" ရှင် ဘာကိုလဲမမ "

" ကိုယ့်ကို les တစ်ယောက်ဆိုတာ ဘယ်လိုစသိတာလဲလို့ပြောတာပါ "

" အော် ဒီလိုပါပဲ အဓိကတရားခံကတော့အန်တီစိမ့်စမ်းညိုဖြစ်မှာပါ တခြားဘယ်ကောင်လေးကောင်မလေးကိုမှရင်မခုန်ဖူးပဲ အန်တီစိမ့်စမ်းညိုတစ်ယောက်တည်းကိုပဲလေလိုင်းထဲကအသံကနေစပြီးရင်ခုန်ခဲ့တာ ခုထိဆိုပါတော့မမရဲ့ "

" ချစ်တဲ့သူနဲ့တွေ့သွားမှပေါ့ "

" တခါတလေ ကိုယ့်ရဲ့ဖြစ်တည်မှုဆိုတာမွေးကတည်းကဖြစ်ရင်ဖြစ်လာမယ် ဒါမှမဟုတ်ပတ်ဝန်းကျင်အနေအထားနဲ့ပေါင်းသင်းဆက်ဆံရေးကလွှမ်းမိုးထားလို့ပြောင်းလဲသွားတာလည်းဖြစ်နိုင်တယ် ဒါပေမယ့်နွေဦးကတော့ရှင်းပါတယ် အန်တီစိမ့်စမ်းညိုကိုချစ်မြတ်နိုးတယ် တခြားဘယ်သူ့ကိုမှမမြင်နိုင်တော့အောင်ထိသဘောကျရတယ် ရိုးရှင်းတဲ့ဖြစ်တည်မှုပါပဲ "

" so sweet "

" မမရော "

" မမလား မမလည်းနွေဦးလိုပဲ ဒါပေမယ့်နဲနဲတော့မတူတာတွေရှိမှာပေါ့ ငယ်ငယ်ကရခဲ့ဖူးတဲ့ trauma တစ်ခုကြောင့်နဲ့ပဲယောကျ်ားတွေကိုအရမ်းကြောက်ပြီးမုန်းတီးခဲ့တာ တခြားကောင်မလေးတွေကိုလည်းမကြိုက်ခဲ့ဖူးပါဘူး ဒီတိုင်းတစ်ယောက်တည်းနေခဲ့တာပေါ့ ဒါပေမယ့်ဒေါက်တာ့ကိုစစတွေ့ချင်းမှာပဲရင်ခုန်ခြင်းဆိုတာဒီလိုမျိုးပါလို့စတင်ခံစားလာရတယ် ကံကောင်းစွာနဲ့ပဲဒေါက်တာကလည်းမမကိုချစ်ခင်နှစ်သက်တယ် မမမိဘတွေလည်းမမရဲ့ဖြစ်တည်မှုကိုအပြည့်အဝလက်ခံပေးတယ် နွေဦးမိဘတွေရော "

" နွေဦးမိဘတွေလည်းနွေဦးကိုအပြည့်အဝလက်ခံပါတယ် နွေဦးဝန်ခံပြောစရာတောင်မလိုပဲသူတို့ကနွေဦးနဲ့ပတ်သက်လာရင်အားလုံးကိုလက်ခံပေးမယ့်လူသားတွေပါ "

" မမတို့ကကံကောင်းတယ်ပြောရမှာပဲ ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ်ချစ်ခင်တဲ့သူကိုပွင့်ပွင့်လင်းလင်းလွတ်လွတ်လပ်လပ်ချစ်ခွင့်ရတာ တခြားမမတို့လိုလူလေးတွေကတော့ အရမ်းချစ်ကြပေမယ့် လျှို့ဝှက်စွာနေနေကြရတဲ့သူတွေရှိတယ် တချို့ သိပ်ချစ်ကြရဲ့သားနဲ့တစ်သက်လုံးဝေးကွာကြရတဲ့လူတွေလည်းရှိသေးတာပဲလေ "

Secret Love On AirWhere stories live. Discover now