Part - 15

433 36 3
                                    

" မမ ကော်ဖီ "

" အော် thank u ပါမိုး "

" မိုးတွင်းရောက်ပြန်ပြီနော် ကော်ဖီရယ် စာအုပ်ရယ်လက်ကမချချင်တဲ့ရာသီထပ်ရောက်လာပြန်ပြီ "

" ဟုတ်ပါ့နော် "

" ကလေးမကိုသတိရနေလား "

စိမ့်စမ်းညိုတိတ်ဆိတ်သွားခဲ့သည်။မျက်ဝန်းထဲကအကြောင်းအရာတချို့ကတော့ထင်ဟပ်နေခဲ့သည်။

" အချိန်ဘယ်လောက်တောင် ကြာခဲ့ပြီလဲ မမသူ့ဆီပြန်သွားသင့်ပါပြီ "

" သူ့ဘဝနဲ့သူရှိပါစေတော့ကွယ် "

" မိုးကတော့ပြန်သွားစေချင်တယ် ချစ်တဲ့သူတွေဆိုတာအတူတူရှိသင့်တယ်မဟုတ်လား လိုအပ်ရင်မိုးကူညီချင်ပါတယ် ခုတော့ပြန်တော့မယ် ဆေးရုံမှာ OT case ရှိသေးတယ် "

" မိုးရွာနေတုန်းလေ မိုး "

" ရပါတယ် မမအချိန်တွေကိုမနှောင့်ယှက်ချင်လို့ပါ သွားပြီ "

တဖွဲဖွဲကျနေတဲ့မိုးစက်လေးတွေငေးရင်းစိမ့်စမ်းညိုအတွေးထဲမှာ ဘယ်သူကများလွမ်းမိုးနေခဲ့သလဲ။

" သမီးငယ် "

" ဟုတ် မာမီ "

" နောက်တစ်ပတ် မာမီတို့ Anni ကိုသမီးဆိုင်မှာပဲလုပ်တော့မလို့ ဒယ်ဒီနဲ့တိုင်ပင်ထားတယ် "

" အဆင်ပြေပါ့မလား မာမီ "

" မာမီတို့ကပြေပါတယ် သမီးကမပြေလို့လား "

" သမီးလည်းပြေပါတယ် "

" အွန်း ကြီးကြီးကျယ်ကျယ်မဟုတ်တော့ မိသားစုနဲ့ရင်းနှီးတဲ့မိတ်ဆွေလောက်ပါပဲ စိမ့်တို့ကိုလည်းခေါ်ထားတယ် မာမီတို့ Anni မှာသမီးကိုလည်းအတူရှိစေချင်တယ် "

နွေဦးမောင်ခေါင်းလေးသာငြိမ့်နေမိသည်။

" စိမ့် "

" အစောကြီး ဘာလဲ မြရိပ်ချို "

" ရွှေ့ဆီသွားမှာမလား "

" အင်း စဥ်းစားနေတုန်း "

" ဘာကိုစဥ်းစားနေသေးလဲ သွားကိုသွားရမယ် ဘာမှပြောမနေနဲ့ "

" ကလေးမအခက်တွေ့အောင် မလုပ်ချင်ဘူးကွယ် "

" အချိန်တွေဒီလောက်ကြာခဲ့ပြီလဲ နင်လည်းကလေးမကိုမမေ့နိုင်ဘူး ကလေးမကလည်းနင့်ကိုချစ်တယ် "

You've reached the end of published parts.

⏰ Last updated: Oct 11, 2023 ⏰

Add this story to your Library to get notified about new parts!

Secret Love On AirWhere stories live. Discover now