2

2.2K 322 19
                                    

သူခါးပေါ်ကလက်တွေကအငြိမ်မနေသလို
ရင်ဘတ်နားကရ‌နေတဲ့အသက်ရူငွေ့လေးကပိုနီးကပ်စွာ ခံစားရနေသည်က သူကိုယ်တွင်အဝတ်မဲ့နေခြင်းကြောင့်။

ရင်ဘတ်ပေါ်က အမွှေးနုတချို့ကိုဆွဲနုတ်ခြင်းခံနေရသည်ကိုသည်းခံနေပေမယ့် လည်ပင်းကို သွားချွန်ချွန်တို့နဲ့ တတိတိကိုက်လာပြန်တော့ ပါးစပ်ကအသံထွက်မိမလိုဖြစ်မိတော့ အလျင်အမြန်ထိန်းထားရသည်။

အိပ်ချင်ဟန်ဆောင်နေတဲ့ သူကိုယ်ကို ဟိုနားဆွဲကိုက်လိုက်
ဒီနားထုလိုက် လုပ်နေတဲ့လူသားအား သူနိုးနေကြောင်း သိလို
မဖြစ်။

သူနိုးတာနဲ ဘယ်လောက်တောင်အရစ်ခံလိုက်ရမလဲ။
ဘယ်လောက်တောင်မေးခွန်းတွေထုပ်လိုက်မလဲဆိုတာ သူသာသိတယ်။

ဒါကြောင့် နိုးနေတာကြာပြိဖြစ်သောလည်း  သူရင်ခွင်ထဲက စွာတေးလန်းလေးကိုဖက်ကာ ဆက်အိပ်ချင်ဟန်ဆောင်နေလိုက်သည်။

"တော်တော်အိပ်ပုတ်ကြီးနေတယ်ပေါ့လေ ခင်ဗျားကြီးက"

သူနိုးအောင်အမျိုးမျိုးကြံနေတဲ့အကောင်ပေါက်ဆီက
အခဲမကျေစွာထွက်လာသည်အသံနဲ့အတူ သူပါးနျစ်ဖက်ကို
ဆွဲညျစ်လာပြန်သည်။

"နိုးနေပြိမလား ခင်ဗျားနိုးနေပြိမလား!!!!
ခင်ဗျား
မနေကကိစ္စအမေးခံရမှာကြောက်လို အိပ်ချင်ဟန်ဆောင်နေတာမလား!!!

သူရင်အုပ်ကျယ်ကျယ်က ဒီအကောင်ပေါက်ဒေါသဖြေရာ
နေရာဖြစ်နေပုံရသည်။ တခုခုဖြစ်တိုင်း ဒီရင်ဘတ်ကိုပဲ စည်
တီးသလိုလာတီးနေတက်သည်မို့။
သူ့ရင်ဘတ်လေးအရမ်းနာကျင်နေပါပြိ။

"ရုပ်ကြီးက နာနေတာတောင် ကြိတ်ခံနေတာသိသာတယ်
ခင်ဗျားကြီး မလိမ်တက်ပါဘူး ရုပ်ကအရမ်းသိသာတယ် "

ပြောလဲပြော ကုနိးပါကိုက်လာသည်မို့ သူနာကျင်စွာအော်မိရင်း လူးလိမ့်မိတော့သည်။

"ခွေးပေါက် အာ့လောက်ကိုက်ရလား အားရားးး နာလိုက်တာ"

"နိုးပြီမလား !!ဟန်ဆောင်ပြီးဆက်အိပ်လိုမရတော့ဘူးမလား!!"

အံတကြိတ်ကြိတ်နဲ့ပြောလာတဲ့ အကောင်ပေါက်ဟာ သူကိုထပ်ထုရိုက်ရန်ပြင်နေသည်မို့ လက်တွေကိုချုပ်ကိုင်ကာ ကိုယ်လေးကို သူကိုယ်လုံးနဲ့ဖိချုပ်ထားတော့ လှုပ်မရဖြစ်သွားသည်မို့။

P R E C I O U S 💞Where stories live. Discover now