12

1.5K 263 30
                                    

မနေ့ညက ဆော့ဂျင်အိမ်မှာအိပ်ခဲ့တာမို့
မနက်အလုပ်သွားရန် ထိုကနေပဲပြင်ဆင်ရတော့သည်။
အိပ်ရတာကအစ ~~
ဝေးလွန်းလှတဲ့ ကားမှတ်တိုင်ကို
လမ်းလျှောက်ရတာအထိ အဆင်မပြေခဲ့ပေမယ့်
ချစ်ရသူနဲ့အတူ လုပ်ရတာမို့ သူနေသားကျစွာ
ပျော်ရွှင်နေခဲ့မိသည်။

သို့ပေမယ့် ဆော့ဂျင်အတွက် အိမ်တလုံးလောက်စီစဉ်ပေးချင်နေသည်။
ယခုအိမ်က အငှားဖြစ်သည်အပြင် ‌ဓာတ်လှေခါးမရှိတဲ့အထပ်မြင့်ဖြစ်သည့်အတွက်  အတော်လေး ခက်ခဲနေရှာတာ။

" မပင်ပန်းပါဘူး ဂျွန်ရယ်
အပျင်းကြီးတဲ့ကျတော်အတွက်
လေ့ကျင်ခန်းလုပ်ပြီးသလိုတောင်ဖြစ်သေးတယ်

ဟု ဟာသလေးနှောကာ ပြောလာတက်တဲ့ကောင်လေးဟာ အခန်းခသက်သာသည်နေရာကို အဓိကထားရွေးချယ်ခဲ့သောကြောင့်ပင်။

ဒါကြောင့် ဒီကောင်လေး‌အတွက် သူပေးတယ်မှန်းမသိအောင် တိုက်ခန်းတခန်း စီစဉ်ပေးဖို့ အကြံထုတ်နေမိတော့သည်။

"နိုး‌ေနပြီလား ဂျွန်!!"

သူအတွေးများနေတုန်း ကုတင်ပေါ်ကနေလူးလိမ့်ပြီးဆင်းလာတဲ့ အာပေတူးလေးဟာ သူအနားရောက်လာသည်။

" ညက အိပ်လိုမပျော်ဘူးလား ဂျွန်!!"

မာလွန်းလှတဲ့
ကုတင်ပေါ်မှာ အိပ်ရတာ သူအတွက်အဆင်မပြေ‌ဖြစ်ကြောင်းကို သိနေပုံရတဲ့ ဆော့ဂျင်ဟာ
သူရင်ခွင်ထဲတိုးဝင်လာရင်း ခါးလေးကိုခပ်ဖွဖွ‌ပွတ်ပေးလာသည်။

"ကိုယ်အတွေးများနေလို အိပ်မပျော်မိတာပါ
ဂျင်ရဲ့ !!"

"ဘယ်သူအကြောင်းတွေးနေလိုလဲ!!"

"အလုပ်ကိစ္စတွေပါ ဂျင်ရယါ!!"

ချက်ချင်းကိုယ်ချင်းခွာလိုက်ကာ သူမျက်နှာကို
မယုံသက္ခာဖြင့်ကြည့်လာတဲ့ အိပ်ပုတ်လေးဟာ
အတော်လေးလည်း သဝန်တိုတက်‌ပြန်ပါသည်။

" ဘယ်သူနဲ့တူတူ တာဝန်ယူထားတဲ့
အလုပ်ကို တွေးမိတာလဲ ?

တကယ်ကိုစေ့စေ့ပေါက်ပေါက်မေးလာတဲ့
ဆော့ဂျင်ကြောင့် သူမှာစကားမမှားအောင်ထိန်းပြောရတော့သည်။ နိုမို့ဆို စကားအစအနကောက်ကာ သူက်ုစိတ်ဆိုးတော့မည်ပင်။

P R E C I O U S 💞Where stories live. Discover now