18

629 134 16
                                    

သူရင်ခွင်ထဲမှာနေရင်း စပျစ်သီးတွေကို တလုံးခြင်းဆီချွေစားနေသော ဆော့ဂျင်ဟာ TVကိုလည်းအကြည့်မပျက်နဲ့ဇိမ်ကျနေသည်။

သူကတော့ ဒီလူသားလေးကို တစိမ့်စိမ့်ငေးရင်း
တွေ့ထဲနေရာလေးတွေကို တရှုံရှုံနမ်းနေမိတော့တယ်။

"ဂျွန်~~ ကျတော်တို့
ထီပေါက်ရင်ကောင်းမယ်နော်!!"

ရုတ်တရက်ထပြောလာတဲ့စကား‌က ထီ ဖြစ်နေတာမို့ ဘာကြောင့်လဲဟု သူမျက်ခုံးမြင့်ပြတော့
သူလိုချင်တာတွေနဲ့ လုပ်ချင်တာတွေ ရှိသောကြောင့်ဟု ခပ်ပြုံးပြုံးလေးဖြေလာပြန်တယ်။

" အရင်ဆုံး အကြွေးဆပ်မယ်ပြီးရင် အလှူလုပ်ပြစ်မယ် 
ပြီးတော့ လက်ထက်မယ် ခင်ဗျားနဲ့
နှင်းတွေကျတဲ့အချိန်မှာ ခိခိ!!"

" ကိုယ်ကို အခုလက်ထက်ခွင့်တောင်းနေတာလားအခု!!"

" လက်ထက်ခွင့်တောင်းစရာလိုသေးလိုလား
ခင်ဗျားကြီးက ကျတော်နဲ့ပဲလက်ထက်ရမှာမဟုတ်ဘူးလား!!"

မကျေနပ်သလိုလေးပြောလာတဲ့ ဆော့ဂျင်ကြောင့် သူသဘောတကျရယ်ရင်း ဆူထွက်နေတဲ့
နှုတ်ခမ်းလေးတွေကို စုပ်နမ်းလိုက်ကာ။

" နှင်းကျတဲ့အချိန် ဘာလို့လဲ!!"

" သဘောကျလို !!

" ပြီးတော့ရော!!"

"နှင်းတွေကျတဲ့ အချိန်မှာ
   ကျတော်မွေးရပ်မြို့က
ချက်စ်ကျောင်းလေးမှာ လက်ထက်မယ်~~ ချီးကျူးဩဘာပေးမယ့်
ပရိတ်သတ်ရယ်လို မရှိချင်နေပါ~~
ဂျွန်ကျတော်ဘေးရှိရင်ရပြီ~~
ပြီးရင်  တောင်ပေါ်က တမြို့လုံးကိုမြင်ရတဲ့
အိမ်လေးမှာ အတူတူနေကြမယ်

နွေတွင်းကြ
အိမ်ရှေ့ကိုထွက်ရင်း ဆားငွေ့ပါတဲ့ ပင်လယ်လေအေးအေးတွေခံစားရင်း အပမ်းဖြေမယ်

ဆောင်းတွင်းကြ
အိမ်ထဲမှာ မီးလင်းဖိုလေးနား ‌အနွေးဓာတ်တူတူခိုလှုံမယ်

မိုးတွင်းကြ
မိုးရည်တွေငေးရင်း ကော်ဖီတူသောက်ရင်း
အတိတ်ကအကြောင်းတွေပြောရင်း ရယ်ကြမယ်
ဆွေးကြမယ် ~~ အင်မ်းးး

အိမ်ခြံစည်းရိုးကိုကြ
ကျောက်နှင်းဆီတွေစိုက်ထားမယ် ပြီးရင်
ယုန်လေးတစုံမွေးမယ် ၊ ခွေးပေါက်စလေးတကောင်မွေးမယ် ~~    "

P R E C I O U S 💞Where stories live. Discover now