10

1.2K 278 22
                                    

~~ အကျီကိုသေချာမီးပူတိုက်ပြီးမှ ဝတ်ခဲ့နော်
ဂျွန်ကီရှီ~~

~~ ကားငှားရင်လည်း ဈေးစစ်အုန်းနော်
ပြီးရင်အနောက်ခန်းမှာထိုင် ရောက်ရင်လည်း
အာ့ကားသမားကို တံခါးဖွင့်ခိုင်း ကိုယ်ဘာကိုယ်မဆင်းနဲ့သိလား~~

~~ ကျတော်ပေးထားတဲ့ နာရီလည်း မမေ့ပဲပတ်ခဲ့နော်~~ ဖိနပ်လည်း ဖုန်တစက်မပေအောင် တိုက်ပြီးစီးခဲ့ အာတာအကုန် brand တွေချည်းပဲ
ငှားခတင် မတရားပေးထားရတာမို့
သပ်"ရပ်"ဝတ်ခဲ့~

ပါတီပွဲကိုရောက်နေပေမယ့် အခု ရောက်မလာသေးတဲ့ ဂျွန်ကီရှီကို မက်ဆေ့တွေ တစောင်ပြီး
တစောင်ပို့ရင်း သူအလုပ်ရှုပ်နေသည်။

"ဧည်သည်တွေစုံသလောက်ရှိနေပြီ
အခုထိ Mr jeonက မလာသေးဘူးလား?"

"ဟာ ဟား ဟား လာနေပြီ
လာနေပြီတဲ့ အခုပဲစာပို့တယ် !!"

ဆော့ဂျင်ဟန်ဆောင်ပန်ဆောင်ရယ်ပြရင်း
လက်ထဲက ဖုန်းလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလို ချွေးစီးတွေပါ ပျံနေလေပြီ။
ဒီအချိန်သူဘေးကဖြတ်သွားတဲ့ဝိတ်တာဆီက
ဘာမှန်းမသိတဲ့ ဖျော်ရည်တခွက်ဆွဲယူရင်း တကျိုက်ထဲမော့သောက်မိသည်။

"ဂျင် အခုထိ ceoအတုက မလာသေးဘူးလား?"

အနားရောက်လာတဲ့ယောဂျွန်းက သူကို ဆွလာလေတော့ ဗိုက်ခေါက်ကိုလိမ်ဆွဲလိုက်သည်။
ဒါကိုမမှတ်တဲ့အပြင် ထပ်ပြောလာသည်က
ငါကိုခိုင်းရင် မင်းအခုလိုရင်ပူနေရမှာမဟုတ်ဘူးတဲ့လေ ။

"မင်းပါးစပ်ကို မပိတ်နိုင်ဘူးလား ယောဂျွန်း
မင်းကြောင့် အလိမ်ပေါ်သွားရင် ဘင်းနီးနဲ့မင်းကို
ငါမသေမခြင်း
ပြတ်အောင်လုပ်မှာနော်  !!"

သူခြိမ်းခြောက်လိုက်တော့မှ မဲ့ရွဲကာထွက်သွားတဲ့
ယောဂျွန်းဟာ ခပ်လှမ်းလှမ်းရောက်မှ
*နက်တိုင်မချည်တက်လို နောက်ကျနေတာဖြစ်မယ်ဟု*နောက်နေသေးသညါ။

"ဒီကောင်တော့!!!"

နောက်ထပ်နာရီဝက်ကြာသွားချေပြီ။
သူရင်တွေလည်းမတရားပူနေလေပြီ။
ဂျွန်ကီဆီက ဘာစာမှပြန်မလာသလို ၊ ဖုန်းလည်းခေါ်လိုမရလိုဖြစ်သည်။

P R E C I O U S 💞Where stories live. Discover now