13

1.2K 256 32
                                    

ဒီငမွှေထိုးလေးရဲ့ကျေးဇူးနဲ့သူပါ အချုပ်ထဲရောက်သွားခဲ့သည်။
အကြမ်းဖက်မူ ၊လုယက်မူ ခိုးမူအပြင် ကြိုတင်ကြံစည်မူပါ
ထပ်ပေါင်းလာလေတော့ သူအတော်လေးလန့်သွားမိတယ်။

အကြမ်းဖက်မူ

(ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ခင်ပွန်းနှင့်အကိုအားထိုးနှုက်မိခြင်း)

လုယက်မူ

(ဆိုက်ကယ်သမားဆီက ခွင့်မတောင်းဘဲ
ဆိုက်ကယ်ကို ယူလာခဲ့ခြင်း)

ဒါတွေအားလုံးကို ကြိုတင်ကြံစည်ခဲ့ပါသည်ဟုပါ
ပုဒ်မတက်လာလေတော့ သူတကယ်ကိုရူးချင်သွားသည်။ ဒါကြောင့် ဆော့ဂျင်မသိအောင်
သူရှေ့နေကိုခေါ်ပြီးရှင်းခိုင်းရတော့သည်အထိ။

" တောင်း တောင်းပန်ပါတယ်ဂျွန်!! "

".............."

"ဂျွန် ကျတော်မှားသွားပါတယ်လို!!"

စခန်းကသူအရင်ဆုံးထွက်လာလိုက်ကာ အနောက်က သူနမည်ခေါ်ရင်းတောင်းပန်နေတဲ့ အမွှေစိန်လေးကိုလှည့်မကြည့်ဖြစ်ပါ။

" ဂျွန်~~ !!"

အနောက်ကပြေးလိုက်လာကာ
သူအရှေ့က ပိတ်ရပ်လိုက်တဲ့ အမွှေစိန်က သူလက်လေးဆုပ်ကိုင်ကာ သနားကမားရုပ်လေးနဲ့
သူနမည်ကို ဆွဲဆွဲငင်ငင်ဖြင့်ခေါ်လာလေရဲ့။

"ကျတော်မှားသွားပါလို~~ ကျတော်ကြောင့်
ဂျွန် လျှော်ကြေးငွေတွေပေးလိုက်ရလို
အကြွေးတွေတင်ကုန်ပြီ~~ "

"ကိုယ်က လျော်ကြေးငွေကြောင့် စိတ်ဆိုးနေတယ်ထင်နေတာလား ဂျငိ?"

နှာခေါင်းထဲ ဂွမ်းလုံးလေးဆို့ထားတဲ့ကောင်လေးဟာ
မျက်လူံအပြူးသားလေးနဲ့ ပြန်ကြည်ြလာလေတော့ ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်မိကာ  ။

"အခုလို အနာတရဖြစ်ရအောင်
ကျေးဇူပြုပြီးမလုပ်ပါနဲ့ ဂျင်~~
ကျေးဇူပြုပြီး မဆိုင်တဲ့နေရာတွေမှာလည်း ဝင်မပါပဲနေစမ်းပါ!!"

"ကျတော်မှ မနေနိုင်တာ!!"

"မနေနိုင်လဲနေတက်အောင်နေ~~
ကြားလည်းမကြားချင်အောင်ဆောင် ၊
တွေ့လည်းမမြင်ချင်ယောင်ဆောင်နေ
တလောကလုံးမှာ ပရဟိသ သမား မင်းတယောက်ထဲရှိတယ်လို ခံယူမနေနဲ့~~
အာ့အတွက် မင်းရလာတာ ဘာအကျိုးအမြတ်မှမရှိဘူး~~ အခုပဲကြည့် နှာခေါင်းက သွေးထွက်နေတုန်းးး!!"

P R E C I O U S 💞Where stories live. Discover now