23

928 164 57
                                    

" ကင်မ်ဆော့ဂျင်ရှိနေတဲ့ ဂေဟာက
အလှူရှင်စရင်း အကုန်သိချင်တယ် ~~
မြေပိုင်ရှင်ဘယ်သူလဲဆိုတာပါ သိချင်တယ် "


ဆိုလ်းကိုပြန်လာခဲ့တဲ့ဘော့စ်က ကင်မ်ဆော့ဂျင်ရှိနေတဲ့ ဂေဟာက အလှူရှင်တွေကို ထိုဂေဟာမှာဆက်မလှူဖို့ရတဲ့နည်းနဲ့တားလာခဲ့သလို
ဂေဟာမြေကိုလည်း ရအောင်ဝယ်ဖို့ကြိုးစားနေပြန်တယ် ၊ နောက်ပြီး
ယောဂျွန်းကိုလည်း အခုထိ လုပ်ကြံကာ အချုပ်ထဲထည့်ထားတုန်း။

သူဘယ်လိုပဲဖြောင်းဖြ ၊ဖြောင်းဖြ
နားမဝင်ခဲ့သလို စိတ်ရိုင်းတွေအတိုင်းပြုမူနေတော့တာ။

" ခွင့်မလွှတ်ဘူး~~ ကင်မ်ဆော့ဂျင်ကို
ငါလုံးဝခွင့်မလွှတ်နိုင်ဘူး!!"

" ဘော့စ်ပြောတော့ သူကိုမေ့လိုက်နိုင်ပြီဆို
သူကိုအာရုံထဲမရှိတော့ဘူးဆို
အာတာဆို သူဘာလုပ်လုပ် ~ ဘယ်လိုနေနေ လွှတ်ထားသင့်တယ်မလား
အခုလိုဂေဟာတခုလုံးက်ုပါ ဒုက္ခဖြစ်အောင်မလုပ်သင့်ဘူး "

" ငါ ဒီအတောအတွင်း ရခဲ့တဲ့
စိတ်ဒုက္ခ ၊ လူဒုက္ခတွေနဲ့တန်အောင် လုပ်ရမှာပေါ့
မဟုတ်ဘူးလား?
ငါက ဘာကောင်လဲဆိုတာသိအောင်
ငါလိုလူစားမျိုးကို မကစားသင့်ဘူးဆိုတာ
သဘောပေါက်အောင် နောင်တရအောင် လုပ်ပေးရမှာပေါ့~ "

" ဘော့စ်နဲ့မတူလှအောင် ဘာလို့ပြောင်းလဲသွားရတာလဲ ဘော့စ်ရယ်~~
ဘော့စ်က အလိုလူစားမျိုးမှမဟုတ်တာ!!"

" ပြောင်းလဲသင့်ရင် ပြောင်းလဲရမယ်
ပတ်ဂျီမင်း
ငါပဲစိတ်ဒုက္ခရောက်နေတာကြာပြီ
သူလည်းတလှည့်ခံစားကြည့်အုန်းပေါ့~~ "

" အလိုတွေလုပ်ရလို ဘော့စ်ပျော်နေမှာမှမဟုတ်တာ~~ ကိုယ်ကိုကိုယ် မလိမ်ချင်စမ်းပါနဲ့ဘော့စ်ရယ်
ဘော့စ် ဆော့ဂျင်ကိုအခုထိချစ်နေသေးလို
သံယောဇဉ်မပြတ်သေးလို အခုလိုတွေ ခံစားနေရတာမလား!!

" မဟုတ်ဘူးးးး
ငါဘာခံစားချက်မရှိဘူးးး
ချစ်လည်းမချစ်တော့ဘူးးး
ဒီတိုင်း မကျေနပ်လို ကလဲ့စားချေချင်လို
ဒီခံစားချက်ပဲရှိတယါ ~~ ငါအနားယူချင်တာမို့
မင်းထွက်သွားတော့ ပတ်ဂျီမင်း!!!"

P R E C I O U S 💞Where stories live. Discover now