6

1.1K 250 22
                                    


ဆော့ဂျင်နဲ့အတူ ရူတင်တွေလိုက်သွား
ဘဝမှာတခါမှမစားဘူးတဲ့ စားစရာတွေကို
မစားဖူးတဲ့ပုံဆန်တွေစားလိုက်
Street food တွေကို
လမ်းဘေးမှာတင်
ထိုင်စားလိုက်  ၊ ဘတ်စ်ကားတွေ လိုက်စီးလိုက်နဲ့
အတွေအကြုံအသစ်တွေအပေါ်မှာ
ပျော်ရွှင်နေခဲ့မိတာ ရက်အတော်အတန်ကြာခဲ့လေပြီ။

အာ့အတွက် သူမတက်ခဲ့တဲ့ အစည်းအဝေးတွေအများကြီးရှိခဲ့ပေမယ့် မနက်မိုးလင်းတာနဲ့
သူထိုကောင်လေးဆီသွားရန်သာ တာဆူနေမိတော့သည်။

"သူဠေး ဒီပိုက်ဆံတွေက!!"

ပိုက်ဆံတချို့ကိုသူပန်းအိုးလေးအောက်ဖိထားမိတာကို အတွင်းရေးမှူးဖြစ်သူက တွေ့သွားပုံရသည်။

"အကြွေတွေလည်းပါတယ်ဗျ
သန့်ရှင်းရေးလုပ်တဲ့သူကို ပေးဖို့လား?"

ဂျီမင်းဆီကထိုပိုက်ဆံတွေကို
သူချက်ချင်းလုယူလိုက်ရင်း အိတ်ကပ်ထဲအလျှင်အမြန်ထည့်လိုက်မိသည်။

"မဟုတ် မဟုတ်ဘူး ငါဟာ!!
ငါလုပ်အားခ!!"

သူအပြုအမူကြောင့် မယုံသက္ခာ ဖြစ်စွာ
ကြည့်လာခဲ့တဲ့အတွင်းရေးမှူးလေးက သူအခုတလော ဘယ်သွားနေတာလဲဟုမေးမြန်းလာလေတော့ အလုပ်ကိစ္စနှင့်သာဟုသာ တို"နှင့်ပြတ်"ဖြေလိုက်မိသည်။

"သူဠေးအဝတ်အစားတွေက ဟင်းစော်တွေနံ့နေသလို ဆိုဂျူအနံ့တွေပါစွဲနေတက်လို ကျတော်မေးကြည့်တာပါ !!"

"အာတာက ငါတို့လမ်းဘေးဆိုင် ~~
အဟမ်းးး မုန့်သွားစားကြလို~~ကဲ ငါဒီဖိုင်တွဲစစ်ပြီးပြီး ကုန်ကြမ်းပစ္သည်းတွေကို သွားစစ်ဖို့က
ငါမလိုက်လဲဖြစ်တယ်မလား?"

ဘယ်နေရာမဆြိသူမသွားရရင်မကျေမနပ်ဖြစ်
‌တက်တဲ့ သူဠေးက သူကိုကိုယ်စားလွှတိနေတာမို့
သူဠေးက ဘယ်သွားမလိုလဲဆိုတာ သိချင်လာသည် ။

"သူဠေး တကယ်ပဲ ရည်းစားရနေတာလား?'

ထိုမေးခွန်းကြောင့် သူခြေလှမ်းတွေတန့်သွားမိသည်။ ရည်းစာ?
သူပုံစံတွေက ရည်းစာရှိတဲ့သူတယောက်လို ပြောင်းလဲနေတာများလား?"

"ဘာလို့ အလိုမေးရတာလဲ?"

"သူဠေးပုံစံက အများကြီးပြောင်းလဲနေလိုလေ
အပြုအမူတွေ ၊အပြောအဆိုတွေကအစ
စားသောက်တဲ့အထိ အရမ်းကိုထူးခြားနေတာ!!"

P R E C I O U S 💞Where stories live. Discover now