အပိုင်း (၁၂)

447 7 0
                                    

"ကဒ်... ရပြီ မင်းသား.. ဒီနေ့အတွက်တော့ မင်းသား scene အကုန်ပြီးပြီ.. နားလို့ရပြီ"

"ဟုတ်ကဲ့.. အဲ့ဒါဆို ကျွန်တော် ခဏနေ ပြန်လိုက်တော့မယ် ဒါရိုက်တာကြီး"

"OKဗျာ.. ကဲ ရှုတင် မန်နေဂျာ.. scene နံပါတ် ၃၆ရိုက်မယ်.. စက်တွေ နေရာပြောင်းဖို့ လုပ်.. အရံတွေကိုလည်း အဆင်သင့်ဖြစ်ပြီလား တစ်ချက်ပြန်သွားကြည့်ထားဦး"

"ဟုတ်ကဲ့ ဆရာ"

"မင်းသမီးလည်း အင်္ကျီလဲထားလိုက်နော်"

"ဟုတ်ကဲ့ပါ ဒါရိုက်တာကြီး"
......................

"အစ်ကိုလေး.. ရေ"

"အေး အေး ပေး.. ပစ္စည်းတွေ သိမ်းပြီး ကားပေါ်တင်လိုက်တော့ ဖိုးဇော်.. ပြီးရင် ငါ တေဇတို့ gymသွားမယ်.. မင်း အဲ့အထိလိုက်ခဲ့.. အဲ့ကနေမှ taxiနဲ့ အိမ်မှာ ပစ္စည်းတွေ သွားထားပြီး ပြန်လိုက်တော့"

"ဟုတ်ကဲ့ အစ်ကိုလေး"

သူ့မန်နေဂျာဖိုးဇော် ကမ်းပေးတဲ့ ရေဗူးကို တစ်ငုံသောက်ပြီး ကားထဲဝင်ထိုင်နေလိုက်သည်.. ကားထဲမှ Aircon လေအေးအေးက သူ့အတွက် အနည်းငယ် လန်းဆန်းသွားစေသည်။

ယမုံဆိုတဲ့ မိန်းမနဲ့ လမ်းခွဲပြီးနောက် သူ့အတွက် အချိန်ဖြုန်းစရာ မိန်းကလေး တစ်ယောက်ရှိမနေသေး.. သူငယ်ချင်းဖြစ်သူ တေဇရဲ့ gymမှာသာ သူ အချိန်ပြည့် အချိန်ဖြုန်းနေသည်။

အိမ်ပြန်ရင်လည်း daddyရဲ့နောက်မိန်းမနဲ့ သူ့မွေးစားသမီး မျက်နှာကို မြင်နေရတာ သူ့အတွက် အဆင်မပြေ.. ညကတင် ပြဿနာတက်ထားသည် မဟုတ်လား.. ကိုယ့်condoမှာ ကိုယ် အေးဆေးသွားနေမယ်ဆိုလည်း daddyက ခွင့်မပြု။

အတိုက်အခိုက်လုပ်ရတာလည်း အကြိမ်ပေါင်းမနည်းတော့ပြီ.. အဲ့မိန်းမရဲ့ စနက်တွေမှန်း သူမသိရလောက်အောင် တုံးအမနေပါ။

Daddyကို အပိုင်ကြံရုံမက သူ့ကိုပါ မွေးစားသမီးအတွက် အပိုင်ဖမ်းချင်နေမှန်း သိသာလွန်းသည်.. ဒါတွေကို မမြင်နိုင် ဖြစ်နေတဲ့ daddyကိုပဲ သူ အံ့ဩသည်။

"ပစ္စည်းတွေ တင်ပြီးပြီ အစ်ကိုလေး"

"အေး အေး.. တက်.. သွားမယ်"

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now