အပိုင်း (၆၆)

495 14 1
                                    

မြူ အရေးပေါ်ခန်းရှေ့မှာ ထိုင်နေပေမယ့် အသိစိတ်တွေမရှိတော့တဲ့ လူတစ်ယောက်လိုသာ ငိုနေမိသည်..။

အသိဝင်လာတဲ့ အချိန်မှာ စဉ်းစားမိတာ ဒီအတိုင်းနေလို့မရ.. တစ်ယောက်ယောက်ကို ဆက်သွယ်ရမည်.. ဘယ်သူ့ကိုဆက်သွယ်ရမလဲ စဉ်းစားလိုက်တော့ ခုနက ဝင်လာတဲ့ messageကို သတိရသွားသည်.. ကို့ဖုန်းနဲ့ပဲ ကိုတေဇကို ဖုန်းခေါ်လိုက်သည်..။

Ring Ring..

"ဟယ်လို သတိုး.. ငါပို့ထားတဲ့ message တွေ့လား.. မင်း အခု ဘယ်မှာလဲ ငါလာခဲ့မယ်.."

ဖုန်းဝင်သွားတာနဲ့ တစ်ဖက်က ကိုတေဇက ဖုန်းကိုင်ပြီး လှမ်းပြောသည်..

"ဟယ်...လို..."

သတိုးရဲ့ဖုန်းနံပါတ်မို့ ကိုင်လိုက်တာကို တစ်ဖက်က မိန်းကလေးအသံထွက်လာတော့ တေဇအနည်းငယ်ကြောင်သွားပြီး ဖုန်းscreenကို ပြန်ကြည့်လိုက်တော့လည်း သတိုးဖုန်းပါ..။

"ဟယ်လို.. အခုပြောနေတာ ဘယ်သူလဲ မသိဘူး.."

"ကိုတေဇလား.. ညီမ နှင်းမြူပါ.."

"ဟင်.. နှင်းမြူ.. နှင်းမြူလို့ပြောလိုက်တာလား.. ညီမ စကားပြောလို့ရပြီ ဟုတ်လား.."

"ဟုတ်ကဲ့.. ကိုတေဇ အခု (......)ဆေးရုံကို လာခဲ့ပေးပါနော်.."

"ဆေးရုံ.. ဘယ်သူ ဘာဖြစ်လို့လဲ... သတိုးရော အနားမှာရှိလား ညီမလေး.."

"ဟို.. အကို.. အကို ဓားထိုးခံရလို့ အခု ဆေးရုံမှာ.. ခွဲခန်းထဲမှာ.."

"ဘာ.. သတိုး သတိုး ဓားထိုးခံရတယ် ဟုတ်လား.."

"ဟုတ်.. အဟင့်.. ဟုတ်ပါတယ်.. ဟို.. ကိုတေဇ ဆေးရုံကို အခုချက်ချင်း လာခဲ့ပေးပါနော်.. အဟင့်.. အကို့ဒယ်ဒီကိုလည်း အကြောင်းကြားပေးပါနော်.."

"အိုကေ.. အစ်ကို အခုလာခဲ့မယ်နော် ညီမ.. စိတ်မပူနဲ့နော်.. သတိုး ဘာမှ မဖြစ်နိုင်ပါဘူး.. သတိုးရဲ့ ဒယ်ဒီကိုလည်း အစ်ကို တစ်ခါတည်း ဝင်ခေါ်လာပေးမယ်နော်.."

"အကို့ဒယ်ဒီကို အကြောင်းကြားပေးပြီး ကိုတေဇအရင်ရောက်အောင် လာပေးပါနော်.. လူကြီးတွေမရောက်ခင် ကိုတေဇနဲ့ အရင်ပြောရမယ့်အကြောင်းတွေ ရှိလို့ပါ.."

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now