အပိုင်း (၂၇)

462 7 0
                                    

ဒေါက်...ဒေါက်

"ဝင်ခဲ့ပါ"

"အန်ကယ်ကျော်"

"အော် မောင်မင်းသန့်.. လာထိုင်"

"ဟုတ်ကဲ့.. အန်ကယ်ကျော် ကျွန်တော့်ကို ခေါ်တယ်ဆိုလို့"

"အေး.. မင်းနဲ့ အန်ကယ် အလုပ်ကိစ္စ ဆွေးနွေးချင်လို့"

"ဟုတ်ကဲ့ ပြောပါ အန်ကယ်ကျော်"

"ဒီလို.. မင်းရဲ့ ဆန်စက်ရော.. အန်ကယ့်ရဲ့ ဆန်စက်တွေရော အခုဆို အဆင်ပြေ အထိုင်ကျ နေပြီဆိုတော့ အန်ကယ် လုပ်ငန်းထပ်တိုးချဲ့ချင်လို့ အဲ့ဒါမင်း စိတ်ဝင်စားလားလို့ပါ"

"ဟုတ်ကဲ့.. အန်ကယ်က ဆန်စက်နောက်တစ်ခု ထပ်ထောင်ချင်လို့လား"

"မဟုတ်ဘူးကွ.. ဆန်စက်တစ်ခု ထပ်ထောင်ချင်တာ မဟုတ်ဘူး.. ဆီ လုပ်ချင်တာ.. မင်း သိတဲ့အတိုင်းပဲလေ.. ဆန်နဲ့ဆီက အမြဲတွဲနေတာဆိုတော့ အန်ကယ်တော့ ဆီလုပ်ငန်းစချင်တယ်ကွာ.. ဒါပေမယ့် မင်းသိတဲ့အတိုင်း အန်ကယ်က မင်းတို့ လူငယ်တွေလို နယ်အထိဆင်းပြီး ပဲတို့၊ နှမ်းတို့လိုက်ကောက်ဖို့ကျ အဆင်မပြေလို့ မင်း စိတ်ဝင်စားရင် မင်းနဲ့ နောက်ထပ်လုပ်ငန်းတစ်ခုအနေနဲ့ အတူတူလုပ်ချင်လို့"

မင်းသန့်အနေနဲ့ သူ့ရဲ့ကျေးဇူးရှင်ဖြစ်သူ အရင်အလုပ်ရှင်ဟောင်း အန်ကယ်ကျော်မင်းက တောင်းဆိုလာတာကို လုံးဝငြင်းပယ်မှာ မဟုတ်ပေ။

အန်ကယ်ကျော်မင်းက သူ့အတွက် အလုပ်ရှင်တစ်ယောက် ဆိုတာထက်ပိုကောင်းခဲ့တဲ့သူ.. အခုလို အခြေအနေထိရောက်ခဲ့တာ သူကိုယ်တိုင် ကြိုးစားခဲ့မှုတွေကြောင့်ဆိုပေမယ့် အန်ကယ်ကျော်မင်းရဲ့ ပံ့ပိုးမှုတွေ မပါပဲ မဖြစ်နိုင်ခဲ့ပါ။

"ကျွန်တော် စိတ်ဝင်စားပါတယ်ဗျ.. ကျွန်တော့်ဖက်က ဘာတာဝန်တွေ ယူပြီး စလုပ်ပေးရမလဲ"

"မင်း စိတ်ဝင်စားတယ်ဆိုလို့ ဝမ်းသာတယ်ကွာ.. အန်ကယ်ကလည်း မင်းနဲ့ပဲ အလုပ်တွဲလုပ်ချင်နေတာ.. အခုလောလောဆယ်တော့ မင်းလုပ်ပေးရမှာ နယ်က ပဲသမားတွေ၊ နှမ်းသမားတွေနဲ့ လိုက်တွေ့ပေးဖို့ပဲ.. ဒီက company registerကိစ္စတွေနဲ့ တခြားဟာတွေ အားလုံး အန်ကယ့်ဖက်က အဆင်သင့်ပဲ.. မင်း သဘောတူမှာကိုပဲ အန်ကယ်က စောင့်နေတာ"

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now