အပိုင်း (၃၃)

478 6 0
                                    

သတိုး ခြံထဲကနေ ကားကို တရကြမ်း မောင်းထွက်လာခဲ့သည်.. ဒီနေ့မှ သူနဲ့ ဒယ်ဒီ ရယ်ရယ်ပြုံးပြုံးနဲ့ စကားပြောနိုင်တာလေ.. ထမင်းလက်ဆုံ စားနိုင်တာလေ.. အခုတော့ ဟိုမိန်းမကြီးကြောင့်..။

ဒယ်ဒီကရော သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံနေတာ မာမီ့ဆွဲကြိုးပေးလိုက်တဲ့ ကိစ္စကြောင့်လား..။

ဟာ.. ဘာတွေလဲကွာ..။

"တောက်"

"ဒုန်း"

သတိုး အားပြင်းစွာ ကားစီယာတိုင်ကို ရိုက်ချလိုက်သည်။

ထိုအခိုက် မိုးက သည်းထန်စွာရွာချလာလေသည်.. သတိုး ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်ပြီး ကားပေါ်မှဆင်းကာ သည်းထန်စွာရွာနေတဲ့ မိုးထဲသို့..။
.....

"ဒါ ဘယ်လိုဖြစ်ရတာလဲ.. ငုဝါ"

"ဟို.. ကို.. အဲ့ဒါကလေ ဝါက.."

"ပြောလေ.."

...ခွမ်း...

"အခုမှ ဘာတွေ ထစ်ငေါ့နေတာလဲ.."

စားပွဲပေါ်က ဖန်ခွက်ကို ကိုင်ပေါက်လိုက်ပြီး ဦးဓနရဲ့ ဒေါသတွေက ရှေ့မှာ ရပ်နေတဲ့ ဒေါ်ငုဝါပေါ်မှာ ကျရောက်နေလေသည်။

ဒီနေ့မှ သူတို့ သားအဖ ပျော်ပျော်ရွှင်ရွှင် စကားပြောရတာ အခုတော့ ဒီလောဘကြီးတဲ့ မိန်းမကြောင့်..။

ဒီလောက်လက်ဝတ်ရတနာတွေ အများကြီး ဝယ်ပေးထားပါလျှက်နဲ့ ဘာလို့ သားဖြစ်သူ အထိမခံတဲ့ သူ့အမေပစ္စည်းကိုမှ သွားယူရတာလဲ..။

"ဟို.. ကို ဒေါသထိန်းပါနော်.. အဲ့ဒါကလေ ဝါက သားသတိုးရဲ့ဘီရို ရှင်းပေးရင်းနဲ့ အဲဒီ့ဆွဲကြိုးလေးက ဒီမှာထားခဲ့တော့ ဒီနေ့သွားစရာရှိတာနဲ့ ခဏယူဝတ်မိတာပါ.. ပြီးရင် ပြန်ထားပေးမလို့ပါ.. ဟင့်..ဟင့်"

ဒေါ်ငုဝါ အနည်းငယ် ငိုသံလေးစွက်ပြီး ယောက်ျားဖြစ်သူကို အယူခံဝင်လိုက်သည်.. အမှန်တော့ ဒီပစ္စည်းကို ဟိုကောင်လေး တန်ဖိုးထားမှန်းသိလို့ တမင်ယူဝတ်လိုက်တာ ဖြစ်သည်.. သူတို့ သားအဖ အဆင်ပြေနေလို့ မရဘူးမဟုတ်လား..။

အခုလည်း တွေးထားတဲ့အတိုင်း ယောက်ျားဖြစ်သူက သူနဲ့သားဖြစ်သူ တိုက်ရိုက်ပြဿနာတက်မှာစိုးလို့ ကြားကနေ ခေါင်းဝင်ခံပေးလိုက်တယ်မလား..။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now