အပိုင်း (၂၃)

438 6 0
                                    

[ညီမလေး.. ညီမလေးက လက်ထပ်သွားရင်တောင် အမြဲတမ်း ကိုကိုရဲ့ ညီမလေးပဲနော်.. ဘာကိစ္စတွေရှိရှိ ဘာအခက်အခဲတွေပဲရှိရှိ ကိုကို့ကို ပြောပြလို့ရတယ်နော်.. ညီမလေးကို အရင်လို ပျော်ရွှင်နေတတ်တဲ့ ကိုကို့ညီမလေးအဖြစ်ပဲ မြင်နေချင်တယ်.. မနက်ဖြန် ကိုကိုခရီးသွားရမှာမို့ ညီမလေးရဲ့ မင်္ဂလာပွဲကို မလာနိုင်တာခွင့်လွှတ်နော်.. ညီမလေး ပျော်ရွှင်ဖို့ ကိုကိုစိတ်ရင်းနဲ့ ဆုတောင်းပေးပါတယ်]

မနက်ဖြန်ဆို ညီမလေး လက်ထပ်ပြီ.. သူ့ဖက်က ညီမလေးကို မျိုးစုံဆက်သွယ်ခဲ့ပေမယ့် ညီမလေးက အခုထိ သူ့ကို အတွေ့မခံခဲ့ပေ.. messageတွေပို့လည်း replyတွေ ပြန်မရခဲ့။

ညီမလေးကို နောက်ဆုံးအနေနဲ့ message တစ်စောင် ထပ်ပို့လိုက်သည်.. မနက်ဖြန် မင်္ဂလာပွဲတက်ဖို့ အထိတော့ သူသတ္တိမရှိပါ.. လူကြီးတွေကိုလည်း ခရီးသွားစရာရှိလို့ မလာဖြစ်ကြောင်း ကြိုပြောထားခဲ့ပြီးပြီ။

မင်္ဂလာဝတ်စုံလေးနဲ့ လှပနေမယ့် ညီမလေးကို မြင်ချင်ပေမယ့် ညီမလေးဘေးမှာ တစ်ခြားသူတစ်ယောက်ရှိနေမယ့် အနေအထားကိုတော့ သူဘယ်လိုမှ ခံနိုင်ရည် ရှိမှာမဟုတ်ပါ..။

နံရံမှာ ချိတ်ထားတဲ့ ညီမလေးရဲ့ ပန်းချီကားလေးကို ရင်ခွင်ထဲထည့်ထားရင်း အိပ်ယာထက် မလှုပ်မယှက်နဲ့ လှဲနေရင်း စိတ်တွေက လေဟာနယ်ထဲသို့..။

.........

ကိုကို့ဆီက ဝင်လာတဲ့ messageလေးကို အကြိမ်ကြိမ်ဖတ်ရင်း မြူ မျက်ရည်တွေ ကျနေပြန်သည်.. ကိုကိုက မြူ့ကိုအမြဲနားလည်မှုတွေပေးသည်.. အခုကိစ္စမှာလည်း ကိုကိုက အထင်သေးသွားမလား ထင်ခဲ့ပေမယ့် ကိုကို့ရဲ့ဖေးမတဲ့ စကားတွေကို messageတွေက တဆင့် မြူကြားခဲ့ရသည်.. ဒါပေမယ့်လည်း မြူ ကိုကို့ကို မျက်နှာချင်းမဆိုင်ရဲသေးပါ..။

မနက်ဖြန်ဆို ဟိုမောက်မာရိုင်းစိုင်းတဲ့ သတိုးဆိုတဲ့သူနဲ့ လက်ထပ်ရတော့မည်.. မြူ့အဖြစ်က ကိုယ်သဘောကျမိတဲ့သူနဲ့ ခွဲခွါရမယ့်အပြင် မချစ်မနှစ်သက်တဲ့သူနဲ့ ပေါင်းသင်းရဦးမည့် အဖြစ်.. မြူ့လောက် ကံဆိုးတဲ့သူ ကမ္ဘာမှာ ရှိနိုင်ဦးပါ့မလား..။
...............

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now