အပိုင်း (၄၇)

457 10 0
                                    

ဒေါက်.. ဒေါက်..

တံခါးခေါက်သံကြားမှပဲ မင်းသန့်တစ်ယောက် အတွေးတွေရပ်တန့်သွားတော့သည်။

"ဝင်ခဲ့ပါ"

အခန်းထဲကို တပည့်ကျော် အောင်အောင်က ဝင်လာပြီး..

"ဆရာ.. အန်ကယ်ကျော် ဖုန်းဆက်လို့.. ဆရာ့ဖုန်းကို ခေါ်မရဘူးတဲ့"

"အော်.. အေး အေး.. ငါပြန်ဆက်လိုက်မယ်"

"ဟုတ်ကဲ့"

.....

"ဟယ်လို အန်ကယ်ကျော် ကျွန်တော့်ကို ဖုန်းဆက်တယ် ဆိုလို့.. ကျွန်တော် ဖုန်းအသံပိတ်ထားမိတာနဲ့ မကြားလိုက်ဘူး ဖြစ်သွားလို့"

"ရပါတယ်ကွာ.. ဒီနေ့နေ့လည် ၃နာရီလောက် ....ဟိုတယ်ကို လာခဲ့ခိုင်းမလို့ ဆက်တာ.. အလုပ်ကိစ္စ ပြောစရာလည်း ရှိနေလို့"

"ဟုတ်ကဲ့ ကျွန်တော် လာခဲ့ပါ့မယ်"

"အိုကေ.. see u မောင်မင်းသန့်"

"ဟုတ်ကဲ့"

............

မင်းသန့် ....ဟိုတယ်ထဲဝင်ပြီး lobbyဖက် လျှောက်လာလိုက်ရင်ပဲ မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေတဲ့ အန်ကယ်ကျော့်ကို တွေ့လိုက်လေသည်။

"အော် မောင်မင်းသန့် ရောက်ပြီလား.. လာ ထိုင်.."

"ဟုတ်ကဲ့ဗျ"

"မိတ်ဆက်ပေးရဦးမယ်.. ဒါက ဒီဟိုတယ်ရဲ့ Assistant Sales Manager မြတ်မေလွန်းတဲ့.. သမီးမြတ် ဒါက အန်ကယ့်ရဲ့  business partner မောင်မင်းသန့်တဲ့"

အန်ကယ်ကျော်နဲ့ စကားပြောနေတဲ့ အမျိုးသမီးက မင်းသန့်ထက်တော့ အနည်းငယ် ငယ်မယ်လို့ ထင်ရပြီး ကျောလယ်လောက် ဆံပင်အကောက်လေးတွေကိုချထားကာ မျက်နှာကတော့ မြန်မာဆန်ဆန်လှတဲ့ ရုပ်မျိုးဖြစ်လေသည်။

"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ဗျ"

"ဟုတ်ကဲ့.. ရှင်က မြတ်ကို မမှတ်မိပေမယ့် မြတ်က ရှင့်ကို မှတ်မိပါတယ်"

"ဗျာ.. မမြတ်မေလွန်းက ကျွန်တော့်ကို သိလို့လား"

"သမီးမြတ်က မောင်မင်းသန့်နဲ့ သိကျွမ်းပြီးသားလား"

မြူတွေဆိုင်းတဲ့ ချစ်ခြင်းOnde histórias criam vida. Descubra agora