ချစ်ရသောတို့အတွက် 🥰

344 7 0
                                    

ပထမဦးဆုံး အခုချိန်ထိ ဖတ်ရှုပေးကြသူတစ်ယောက်ချင်းစီတိုင်းကို ရင်ထဲအသည်းထဲကနေ ကျေးဇူးတင်ကြောင်း ပြောပါရစေ 🥰 အစ်မရဲ့ မဖြစ်ညစ်ကျယ် ဝတ္ထုလေးက အခုတော့ 1Kကျော်သွားပါပြီ.. အဲဒီအတွက် silence readerလေးတွေရော၊ votingလေးတွေ ပေးကြသူတွေရော၊ commentလေးတွေ ပေးကြသူလေးတွေရော၊ နောက်ဆုံး reading listထဲ ထည့်ပေးကြသူလေးတွေအထိ အားလုံးကို အစ်မ တကယ်ကျေးဇူးတင်ပါတယ်။

ခေါင်းထဲပေါ်လာတဲ့ စကားမပြောတတ်တဲ့ ဇာတ်ကောင်လေးတစ်ခုကို ဘာရယ်မဟုတ် ချရေးလိုက်ရင်းနဲ့ အခုတော့ ဒီအထိရောက်လာခဲ့ပါပြီ.. ပထမဆုံးလက်ရာလေးကို ဝင်ဖတ်ပေးကြတဲ့အတွက်လည်း အရမ်းကျေးဇူးတင် ဝမ်းသာရပါတယ်။ 🥰

နောက်တစ်ခုကတော့ ခွင့်တောင်းဖို့ပါ😔.. အမြဲတမ်း published ပေးထားတဲ့အပိုင်းအပြင် ကြိုရေးထားတဲ့ အပိုင်းက ၅ပိုင်းကနေ ၁၀ပိုင်း အဆင်သင့်ထားပြီး တင်ပေးနေခဲ့တာ အခုရက်ပိုင်း အစ်မရဲ့ ကိုယ်ပိုင်အလုပ်လေးတစ်ခုစနေတဲ့အတွက် အချိန်ပေး မရေးနိုင်ခဲ့လို့ အခု အပိုင်းအပိုရေးထားတာ ၂ပိုင်းပဲ ကျန်ပါတော့တယ်.. အဲ့၂ပိုင်းတင်ပေးပြီးရင် လက်ကျန်ရေးထားတာ မရှိတော့လို့ ၅ရက်တစ်ခါ တင်ပေးဖို့ မသေချာတော့ပါဘူး.. ဒါပေမယ့် အမြဲဖတ်ရှုပေးခဲ့သူလေးတွေအတွက် အစ်မ အားရင် အားသလို ချရေးပြီး ရသလိုလေးတော့ updateပေးပါ့မယ်နော်.. နားလည်ပေးကြပါလို့ အနူးအညွတ်တောင်းပန်ပါရစေ..။ 😔

ချစ်တဲ့
Lynn ✨

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now