Chapter-1

4.3K 337 43
                                    

​ရှောင်းဧကရာဇ်၏မျက်နှာကကြည့်ရဆိုး​နေသည်။စစ်သူကြီးဝမ်ရိ​ပေါ်၏မျက်နှာကပိုလို့ကြည့်ရဆိုး​နေသည်။

"ကိုယ်​တော်လက်မခံနိုင်ဘူး..."

"ကျွန်​တော်မျိုးလည်းလက်မခံနိုင်ဘူး.."

အရှင့်ကသူ့​ရှေ့ကရုပ်ကြီးကိုရှုံ့မဲ့​​နေရင်း ရှင်ဘုရင်ကို​တောင်ပြန်လည်​ချေပ​နေတဲ့စစ်သူကြီး​ကြောင့် ​သွေးတက်ချင်လာသည်။

"​မောင်မင်းလက်မခံနိုင်ရင် အမိန့်စာပြန်တုန်းကတစ်ခါထဲကန့်ကွက်လိုက်ပါလား!
အခုမှ ငါ့ကိုယ်​တော့်သားကိုလက်မခံနိုင်ဘူးဆိုတာ ဘယ်လိုအပြုအမှုမျိုးလဲ!"

ဝမ်ရိ​ပေါ်သည် သူတို့တိုင်းပြည်၏​မြောက်ပိုင်းနယ်စပ်ကိုကျူး​ကျော်လာတဲ့ တိုင်းတစ်ပါးကရန်သူ​တွေကိုအနိုင်ပိုင်းပြီးပြန်လာတဲ့အချိန်မှာ သူ့ရဲ့ဧကရာဇ်က နန်းရင်းပြင်မှာခရီးဦးကြိုပြုပြီး သူရဲ့​အောင်မြင်မှုအတွက်ဆု​တွေချီးမြှင့်ခဲ့သည်။
ထိုဆု​တွေထဲမှာ အရှင့်ရဲ့အငယ်ဆုံးသား​တော်ဖြစ်တဲ့ ​မင်းသား​ရှောင်းကျန့်နဲ့သူ့ကိုလက်ဆက်​ပေးဖို့ရည်ရွယ်တဲ့ဆုတစ်ခုလဲပါဝင်သည်။

အမိန့်စာတန်းပြန်တဲ့အချိန်တုန်းက သူအ​တောင့်လိုက်​သေဆုံးသလိုဖြစ်သွားပြီး ကြားလိုက်ရတာကိုမယုံကြည်နိုင်လွန်းတာ​​ကြောင့်​ကြောင်အ​ နေတုန်း အရှင်က
" လက်ခံ​စေ " လို့​ပြောလာတုန်းကသူ​အ​ယောင်​ယောင်အမှားမှားနဲ့လက်ခံ​ကြောင်း​ပြောခဲ့မိသည်။

လူစုခွဲသွားမှလက်မခံနိုင်​ကြောင်းအရှင့်နန်း​ဆောင်လိုက်လို့ လက်မခံနိုင်​ကြောင်းပြန်​ပြောသည်က ဆီ​လျော်မှုမရှိ​ကြောင်းသူသိ​ပေမဲ့....။

ဘယ်လိုလုပ် ၈နှစ်ငယ်ပြီး ချူချာလွန်းလှတဲ့​ရှောင်းမင်းသား​လေးကိုသူ့အိမ်သား​လေးအဖြစ်လက်ခံရပါ့မလဲ!!!!!!

သူကဖြင့်သန်မာအားကြီးလွန်းလို့ နွားပျိုတစ်​ကောင်ကို​တောင်လက်သီးတစ်ချက်နဲ့လှဲသိပ်နိုင်ပြီး ခန္တာကိုယ်ဖွဲ့စည်းပုံကလဲ သာမာန်လူ​တွေထက်ပိုထွားကာ ကြည့်​ကောင်းလွန်း​သည်​လေ။

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now