Chapter(8.2)

3.3K 328 55
                                    

"လွှတ် လူကြိီးကျွန်​​တော့်ကိုလွှတ်..!"

ကိုင်ထားတဲ့လက်​ကောက်ဝတ်​လေးကိုအတင်း​ကော့လန်ကာရုန်း​နေတဲ့​ကောင်​လေးကဆတ်ဆတ်ပင်ထိမခံ။.

"ကိုယ့်ကိုကြည့်ပါဦး.."

"......."

ရုန်းကန်​နေတဲ့ကိုယ်​လေးကိုလက်​မောင်း​လေး​တွေကိုကိုင်ပြီးချုပ်ထားလိုက်သည်။

"ဘာလို့​ပြောရခက်​နေတာလဲ..ကိုယ်မင်းကိုအကျိုးသင့်အ​ကြောင်းသင့်ရှင်းပြပြီးပြီ​လေကွာ.."

"ကျွန်​တော်ကဘာ​ပြော​နေလို့လဲ. လူကြီး​ပြောတာနားလည်လို့ အခုနန်း​​​တော်ကိုပြန်​တော့မလို့ လွှတ်​ပေးလို့."

ထိုသို့ဆိုလာသည့်တိုင်စစ်သူကြီးဝမ်ကကိုင်ထားသည့်လက်​လေး​တွေကိုမလွှတ်​ပေးမိ။
သူကထိုက​လေးသူ့ကိုမျက်နှာတည်ကြီးနဲ့လျစ်လျူရှုတာကိုမခံနိုင်တာပင်။

"ဒါ.ဒါ​ပေမဲ့ မင်း​ကမျက်နှာကြီးတည်​နေတာကို.."

"ကျွန်​တော်.မျက်နှာကျွန်​​​တော်ဘယ်လိုလုပ်လုပ်​ပေါ့..လူကြီးမှာတာဝန်​တွေနဲ့မလား..ခရီးကို​နောက်မကျ​စေနဲ့ ဆက်ပါ.."

​​ပြောပြီးရုန်းကန်သွား​တော့ လက်နုနု​လေး​​တွေနာမှာဆိုးတဲ့သူကပဲလွှတ်​ပေးလိုက်ရသည်။
အမြဲ​အေး​ဆေးတည်ငြိမ်​နေတတ်တဲ့ ​ရှောင်းမင်းသား​လေးကို စကား​တွေတရစပ်ပြော​သည်အထိစိတ်ဆိုး​စေသွားတာသိ​တော့​စစ်သူကြီးဝမ်​ခေါင်းမီးတောက်သွားရသည်။

ဒဏ်ရာ​ကြောင့်ထော့နဲ့​နေတဲ့​ခြေလှမ်း​တွေနဲ့ သူ့ရဲ့မြင်းညိုကြီးရှိရာကိုသွား​နေတဲ့​ရှောင်းမင်းသားမျက်နှာကတည်တင်း​နေတာမို့ မြင်း​တွေနားမှာအသီးသီးရပ်​နေကြတဲ့တပ်မှူး​တွေက ကိုယ်ကို​ဘေးသို့ရှဲ​ပေးလိုက်သည်။

တပ်မှူးယွီပင်းက​တော့မျက်​တောင်​လေးပုတ်ခတ်ပုတ်ခတ်နဲ့​လိုက်ကြည့်​နေတုန်းပင်။
ခုနကတင် စစ်သူကြီးဝမ်နဲ့ပူးကပ်​နေတာမလား။
အခုကျဘယ်လိုဖြစ်လို့ အ​​ခြေအ​နေကတင်းမာ​နေရတာလဲ။

မြင်းညိုကြီး​ပေါ်တက်ဖို့ပြင်​နေတဲ့​ရှောင်းမင်းသားရဲ့​နောက်မှာစစ်သူကြီးဝမ်က​နောက်က​ရောက်လာသည်။
​ဆွေ့ခနဲ့​ရှောင်းမင်းသားကိုယ်​လေးကို​ကောက်​ပွေ့ကာစမ်း​ချောင်းဘက်ကိုထွက်သွားတဲ့စစ်သူကြီးဝမ်ရဲ့ရင်ခွင်ထဲမှာ​တော့ ​ကော့လန်​နေတဲ့​ရှောင်းမင်းသားကပါသွားပြန်သည်။

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now