Chapter-7

3.6K 346 29
                                    

"သား​တော်!!"

တပ်ရင်းထဲက​နေ​ပြေးထွက်လာတဲ့​ရှောင်းအရှင်ဟာ သူ့သား​တော်ရဲ့​​ခြေ​ထောက်မှာ​သွေး​တွေမြင်​တော့ပြာသွား​လေသည်။

"ဘယ်လိုဖြစ်လာတာလဲ ​သွေး​တွေလဲမနည်းဘူး
သမား​တော်!!"

"​ရှောင်းကျန့်အဆင်​ပြေပါတယ်ခမည်း​တော်
သိပ်မနာပါဘူး."

စစ်သူကြီးဝမ်ရဲ့ရင်ခွင်ထဲက​နေ​ရှောင်းမင်းသား​ပြန်နှစ်သိမ့်​ပေး​ပေမဲ့အရှင်က​တော့ ​သွေး​တွေကိုသာစိတ်မချမ်းသာစွာကြည့်​နေ​လေသည်။

"စစ်သူကြီးဝမ် ​ရှောင်းကျန့်​လေးကိုပြန်ရှာ​ပေးတာ​ကျေးဇူးတင်ပါတယ်.."

"မခံယူဝံ့ပါဘူးအရှင်..ဒါကျွန်​​တော်မျိုးလုပ်ရမဲ့အလုပ်ပါ.."

"စစ်သူကြီး​ရှောင်းမင်းသားကို အထဲ​​ခေါ်​ခဲ့​ပေးပါ"

သမား​တော်စကား​ကြောင့်စစ်သူကြီးဝမ်က​​ရှောင်းမင်းသားကိုယ်​လေးကိုအထဲ​ပွေ့သွား​လေသည်။ဆင်ထားတဲ့ကုတင်​ပေါ်ချ​ပေးလိုက်​တော့ ​ရှောင်းကျန့်မျက်နှာ​လေးကခပ်မဲ့မဲ့။

"အရမ်းနာ​နေလား.အသည်းသက်​လေး
​နောက်တစ်ခါခမည်း​တော်မင်းကိုမ​ပျောက်​စေရ​ပါဘူး."

"ဟုတ်.."

သမား​တော်က စစ်သူကြီးဝမ်စည်း​နှောင်​​ပေးထားတဲ့ပိတ်စကိုဖြုတ်ကာဒဏ်ရာကို​​ဆေး​ကြော​ပေးသည်။
အ​ပေါ်ယံအ​ရေးပြား​အောက်ကအသား​တွေပါလန်ထွက်သွားတာမို့ ဒဏ်ရာကကြီးတယ်​ပြောရမယ်။​ရှောင်းမင်းသား​လေးကနာ​​နေ​ပေမဲ့သူနာကျင်ပြရင်သူ့ခမည်း​တော်ကပိုသည်းမှာဆိုးတာ​ကြောင့်အံ့ကြိတ်ခံသည်။

"ရရဲ့လား အသည်းသက်​လေး.ခမည်း​တော်ကိုကိုင်ထား လာ"

​ဆေးထည့်ဖို့ပြင်​တော့​​ရှောင်းအရှင်ကတုန်ယင်ချင်​နေတဲ့​ရှောင်းမင်းသား​လက်​လေးကိုဆုပ်ကိုင်​ပေးထားသည်။

အနာ​ဆေးထည့်ပြီး​တော့​​ရှောင်းမင်းသားကိုနန်း​တော်ကိုပြန်ပို့ဖို့လုပ်ကြသည်။

စစ်သူကြီးဝမ်ကဘာမ​ပြောညာမ​ပြောနဲ့​စွေ့ခနဲ​ကောက်​ပွေ့လိုက်​တော့ ​ရှောင်းမင်းသားရဲ့မျက်နှာ​လေးကခပ်ရဲရဲ။
​ရှောင်းဧကရာဇ်ကလဲမကြည်သလိုတစ်ချက်ကြည့်လာ​ပေမဲ့ဘာမှ​တော့မ​ပြော။

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Wo Geschichten leben. Entdecke jetzt