Chapter-6

3.9K 356 46
                                    

စစ်သူကြီးဝမ်ဟာ ​ရှောင်းမင်းသား​လေးကိုရင်ခွင်ထဲထည့်ထားသည်။
မြက်ခင်းစိမ်းစိမ်း​ပေါ် စစ်သူကြီးဝမ်ကလဲ​လျောင်း​နေပြီး ​ရှောင်းမင်းသား​လေးကို သူရင်အုပ်​ပေါ်တင်ထားတာဖြစ်သည်။

​ပျော့​ပြောင်းတဲ့ကိုယ်​လေးကသူ့ရင်ခွင်ကိုသက်​တောင့်သက်တာမှီ​နေရင်း ​ရှောင်းမင်းသားကအိပ်​ပျော်​နေသည်။
သူက​တော့ရင်ခွင်​ပေါ်က​ကောင်​လေးရဲ့ဆံနွယ်​တွေကိုဆွဲယူနမ်းရှိုက်ရင်း ပွင့်ဖတ်​တွေတစ်လွှာပြီးတစ်လွှာ​ကြွေကျ​နေသည့် ချယ်ရီပင်ကြီးကိုကြည့်​နေမိသည်။

သူတို့ကအခုချယ်ရီပင်​အောက်​ရောက်​နေပြီးပန်းနု​ရောင်ပွင့်လွှာချပ်​လေး​​တွေကမြက်ခင်းစိမ်းစိမ်း​ပေါ်ဖြာကျ​နေကြသည်။
မြင်ကွင်းက​တော့သိပ်ကိုလှပလွန်းသည်။

"အင့်..."

ရင်ခွင်​ပေါ်က ခပ်တိုးတိုး​သံ​လေး​ကြောင့်စစ်သူကြီးဝမ်ကြည့်မိ​တော့​ရှောင်းမင်းသား​လေးကမျက်​တောင်​လေး​တွေကိုပုတ်ခတ်ကာနိုးလာသည်။
​ကြောင်​ပေါက်စ​​လေး​တွေအိပ်ရာနိုးသလိုညင်သာပြီးချစ်စဖွယ်​ကောင်းလွန်းတာ​ကြောင့် စစ်သူကြီးဝမ်ရဲ့အသည်းနှလုံးကိုလက်သည်းနဲ့ခပ်ဖွဖွ​လေးကုတ်ခြစ်သလိုခံစားလိုက်ရသည်။

စစ်သူကြီးဝမ်ဟာ ရင်အုပ်​ပေါ်က​ကောင်​လေးကိုသူ့လက်​မောင်းကို​ပြောင်းမှီခိုင်းကာရင်ခွင်ထဲကျကျနနထည့်ရင်း သူ့ကိုယ်ကို​ဘေး​စောင်းလိုက်သည်။

"လူကြီး.."

"အင်း ကိုယ်.."

​​အခုမှနိုးလာတဲ့​ရှောင်းမင်းသား​လေးကသူ့ကို ​ငေးကြည့်​နေသည်။
ဆင်း​နေတဲ့နှာတံ​လေးက ခပ်ရဲရဲနုနု​လေးမို့စစ်သူကြီးဝမ်က အသည်းယားကာ တစ်ချက်ထကိုက်သည်။

"အင့် လူကြီး.."

"ချစ်စရာ​ကောင်း​နေတာကိုကွာ မင်းက."

​ရှောင်းသား​လေးကနာကျင်သွားဟန်​ကြောင့်မျက်ရည်​လေး​တွေဝဲလာ​တော့ စစ်သူကြီးဝမ်ဟာက​လေး​လေး​ချော့​သလို​ချော့မြူ​ရ​သေးသည်။
သူကနာသွားပုံရတဲ့ နှာ​ခေါင်းရဲရဲ​လေးကို ​​လေ​လေးနဲ့မှုတ်​ပေး​တော့ ​ရှောင်းမင်းသား​လေးက​ကော့လန့်ကာရုန်းထွက်သွားသည်။

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now