သူ့ရှေ့ကမင်းသားငယ်လေးဟာ ကလေးလေးအနေနဲ့ပြောရမယ်ဆိုရင်တောင် ချောမောတယ်လို့သူပြောရလိမ့်မယ်။
မျက်ဝန်းသွယ်သွယ်လေးထဲမှာ ရှိနေတဲ့မျက်ဝန်းနက်နက်တွေဟာ ဝမ်ရိပေါ်ရဲ့အနာဂတ်တွေထက်တောင်တောက်ပလွန်းသည်။မင်းသားလေးက ခါးမတ်ဖို့ပြောလိုက်ပေမဲ့အရှင်ဘုရင်ရှေ့မှာကြောင့် ရိပေါ်ကခါးမမတ်ရဲချေ။
"မောင်မင်းကဘယ်သူလဲ?"
သြဇာပြင်းတဲ့အရှင့်ရဲ့မေးသံဟာထွက်ပေါ်လာသည်။
"ကျွန်တော်မျိုးက တပ်မှူးဝမ်ရိပေါ်ပါအရှင်."
ရှောင်းအရှင်ဟာမျက်ခုံးတွေပင့်တက်သွားသည်။
ဆိုတော့ စစ်သူကြီးပြောတဲ့စစ်ဗျူဟာကိုစင်ပေးခဲ့တဲ့တပ်မှူးဆိုတာလား?
ဒိီလောက်တောင်ငယ်ရတာလား?"မော်ဖူးစေ.."
ရှင်ဘုရင်ရဲ့အမိန့်ကြောင့်ဝမ်ရိပေါ်ခါးပြန်မတ်လိုက်ပေမဲ့ မျက်လုံးတွေကတော့ကြမ်းပြင်ကိုကြည့်နေရာကမခွာရဲပါချေ။
"မောင်မင်းကိုယ်တော့နန်းဆောင်ထဲလိုက်ခဲ့.
အားကျန့်လေးလဲ.နန်းဆောင်ထဲဝင်ရအောင်နော်."အရှင့်ကိုမင်းသားလေးကခေါင်းငြိမ့်ပြတာကြောင့်အရှင်ကမင်းသားလေးကိုကောက်ပွေ့ဖို့ပြင်လိုက်သည်။ဒါပေမဲ့ မင်းသားလေးကအပွေ့မခံပဲ ဝမ်ရိပေါ်ဘေးရောက်လာကာဝမ််ရိပေါ်ရဲ့ခပ်ကြီးကြီးလက်ဖဝါးကိုသာ ဆုပ်ကိုင်လာသည်။
ဒါကိုမြင်တော့ရှင်ဘုရင်ရဲ့မျက်နှာဟာမဲမှောင်သွားကာ သူ့ကိုစူးခနဲကြည့်လာတာကြောင့်
ဝမ်ရိပေါ်ရင်ဘက်ထဲဘုရားပွဲလှည့်သလိုဖြစ်သွားရသည်။သို့ပေမဲ့အရှင်ကဘာစကားတစ်ခွန်းမှမဆိုပဲနန်းဆောင်ထဲဝင်သွားတာကြောင့် ရိပေါ်လဲလက်သသေးလေးကိုတွဲကာနန်းဆောင်ထဲဝင်လိုက်ရသည်။
အရှင့်နန်းဆောင်ဟာ ကြာပန်းရနံ့သင်းသင်းပျံ့လွင့်နေသည်။လေဝင်လေထွက်နဲ့အလင်းရောင်ကောင်းစွာရတဲ့ဧည့်ခန်းဆောင်မှာစစ်သူကြီးဟာသူခင်းပေးထားတဲ့ဗျူဟာကိုဆင်ပေးနေသည်။