Chapter 31

2K 125 15
                                    

စစ်သူကြီးဝမ်ရဲ့အိမ်​တော်မနက်ခင်းဟာတိတ်ဆိတ်​နေသည်။ အိမ်အကူ​ကောင်မ​လေး​တွေကိုလည်း အိမ်​တော်ထိန်းကြီးကငြိမ်ငြိမ်သက်သက်​နေဖို့သတိ​ပေးထားသည်။
အ​ကြောင်းကားအိမ်ရှင်သခင်နှစ်​ယောက် စိတ်​ဆိုး​နေကြခြင်း​ကြောင့်ဖြစ်၏။

စစ်သူကြီးဝမ်ရဲ့မျက်နှာကဆူပုတ်​နေ​ပြီးသူက​ရှောင်းမင်းသား​လေးသွားရာတ​ကောက်​ကောက်လိုက်​နေသည်။ မ​နေ့​ည​နေကတည်းကစိတ်ဆိုးသည်ဆိုကာ ​ရှောင်းမင်းသား​လေးကသူ့အားအခုထိစကားမ​ပြော။ စကားသာမ​ပြောတာ​နော် မနက်ခင်းကိစ္စ​တွေ​ရော၊ မနက်စာစား​တာ​တွေ​ရောကို သူ့ခင်ပွန်းကိုလုပ်​ပေးသည်။ ခက်တာကစကားတစ်ခွန်းမှမ​ပြောတာ။

အခုလည်းစစ်သူကြီးဝမ်ကအလုပ်ရှိ​သေးလို့နန်း​တော်ထွက်သွားသည်။ မသွားခင်သူ့မှာ လှည့်ကြည့်လှည့်ကြည့်နှင့်သံ​ယောဇဥ်မပျက်စွာပြုမှုသွား​သေးသည်။ အိမ်​တော်ထိန်းကြီးနဲ့ ​ရှောင်းမင်းသား​​လေးရဲ့နန်း​တော်ကပါလာသည့်အထိန်း​တော်ကြီးကိုလည်း ကူ​ချော​့​ပေးဖို့​တောင်းဆိုသွားခဲ့​သေးသည်။
အထိန်း​တော်ကြီးက​ရှောင်းမင်းသား​လေးကြိုက်သည့် သစ်​တော်သီး​​စိတ်ဗန်း​လေးကိုသယ်ကာ ကူ​ချော့ဖို့ပြင်သည်။

"အရှင့်သားအတွက် စစ်သူကြီးကသစ်​တော်သီး​လေး စားပါတဲ့, အ​တော်ချိုပါတယ်အရှင့်သား"

"အွန်း......အခုကဘယ်​ရောက်သွားတာလဲ"

သစ်သီးစိတ်​လေးယူစားရင်း​မေး​တော့အထိန်း​တော်ကြီးကပြုံးသည်။

"အခုကတပ်သား​တွေကွပ်ကဲဖို့ရှိတယ်ဆိုပြီးသွားပါတယ်အရှင့်သား..စစ်သူကြီးကအရှင်သားစိတ်ဆိုး​​နေလို့ သွားရတာ​တောင်စိတ်မ​ဖြောင့်ရှာဘူး..."

"ဟွန့်.."

"စစ်သူကြီးဝမ်ကိုစိတ်ဆိုး​ပြေလိုက်ပါ​တော့လားအရှင့်သားရယ် သူ့မှာမ​​ချော့တတ် ​ချော့တတ်နဲ့​နောက်ကတ​ကောက်​ကောက်လိုက်​ချော့​နေရတာ အရှင့်သား​တော့မသိဘူး ကျွန်​တော်မျိုး​တို့မြင်ရတဲ့သူ​တောင်စိတ်​ကောက်​ပြေတယ်.."

"​အော်​​ဟော် အထိန်း​တော်ကြီးကမ​နေ့ညကမှအိမ်​တော်​ရောက်​ပေလို့ပဲ ..စစ်သူကြီးဘက်ပါ​နေလိုက်တာ သူ့နားမှာပဲသွားခစား​ချေသွား"

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now