"ခမည်းတော် စစ်သူကြီးဝမ်နဲ့သားငယ်ကိုထိမ်းမြှားပေးဖို့ကိုပယ်ဖျက်လိုက်ပြီ၊စစ်သူကြီးကိုလည်းစာလွှာပို့ထားတယ်"သူ့ခမည်းတော်စကားကြောင့်ရှောင်းမင်းသားကြက်သေသေသွားမိသည်။တဆက်တည်း အခုရက်ပိုင်းထူးဆန်းနေရသည့်လူကြီးရဲ့အပြုအမှုကိုပြန်တွေးမိတော့ရင်ထဲတင်းကြပ်သွားရ၏။
သူကိုတော့မပြောပဲ လူကြီးတစ်ယောက်ထဲဒိီကိစ္စအပေါ်ဘယ်လောက်တောင်ဝမ်းနည်းနေရမလဲ။ခမည်းတော်ကလုပ်တဲ့ကိစ္စဆိုတော့လဲ ရှောင်းကျန့်စိတ်လိုက်မာန်ပါပြောလို့မရပေ။
ခမည်းတော်ဒီလိုလုပ်တာအကြောင်းရှိပါလိမ့်မယ်။စိတ်ကိုအေးအေးထားကာရှောင်းကျန့်မေးလိုက်သည်။
"ခမည်းတော်ဘာလို့ပယ်ဖျက်လိုက်ရတာလဲ."
"သားတော်ကိုစစ်သူကြီးဝမ်ကသေချာမစောင့်ရှောက်နိုင်လို့..."
".........."
"ချန်တိုင်းပြည်မှာဆေးမိခဲ့တယ်ဆို ခမည်းတော်ကြားပြီးပြီ..."
"အကြောင်းအရင်းကအဲ့ဒီကိစ္စကြောင့်ဆို စစ်သူကြီးဝမ်နဲ့မဆိုင်ပါဘူး၊ရှောင်းကျန့်ကပေါ့ရော့မိတာပါ.."
".........."
ခမည်းတော်ကဆတ်မပြောပဲအတန်ကြာတိတ်ဆိတ်သွားပြီးမှ
"သားတော်လဲငယ်ပါသေးတယ်၊
စစ်သူကြီးဝမ်ထက်ကောင်းတဲ့သူတွေ့မှာပါ.."စစ်သူကြီးဝမ်ထက်ကောင်းနိုင်တဲ့သူကတွေ့နိုင်ပေမဲ့ ရှောင်းကျန့်ကိုစစ်သူကြီးဝမ်လို့ချစ်တဲ့သူကထပ်တွေ့ဖို့မသေချာ။
ပြီးတော့ရှောင်းကျန့်ကလဲ စစ်သူကြီးဝမ်ကိုပဲချစ်သည်။အခုလိုချိန်မှာချက်ချင်းကိုခမည်းတော်ကိုပုန်ကန်ပြီးငြင်းဆန်ချင်ပေမဲ့၊သူတို့နိုင်ငံကစစ်ဖြစ်နေသည့်အချိန်၊သူ့လူကြီးကလဲစစ်ထွက်နေသည့်အချိန်၊ကိစ္စကြီးဖြစ်နေတဲ့အချိန်မှာ သူကပါထမသောင်းကျန်းသင့်ဘူးထင်တာကြောင့်ပြောမဲ့စကားလုံးတွေကိုပြန်မြိုချလိုက်သည်။