Chapter-5

3.1K 337 32
                                    

စစ်သူကြီးဝမ်ရဲ့လက်ဆက်ဖို့သတင်းက​ရှောင်းမင်းသားကမငြင်းတာ​​ကြောင့်အတည်ဖြစ်သွားသည်။ဒါဟာစစ်သူကြီးဝမ်တို့တပ်ထဲမှာ​ပြောစရာသတင်းဖြစ်​နေ​လေသည်။

စစ်သူကြီးဝမ်ဟာ စစ်​ရေးပြကွင်းထဲမှာသူ့တပည့်​တွေကိုဓါး​ရေးယှဥ်တာ ကြီးကြပ်​ပေး​နေ​လေသည်။
စစ်သူကြီးရဲ့​ဘေးမှာ​တော့ တပ်မှုး​တွေဝိုင်းအုံ​နေသည်။

"စစ်သူကြီးကျွန်​တော်တို့ကိုတစ်ဝိုင်းတိုက်ရမှာ​နော်.."

"စစ်သူကြီး ကျွန်​တော်တို့ကို ​ကျွေး​မွေးရမှာ​နော်.."

"​အေးပါကွာ.."

"စစ်သူကြီးမ​နေ့က​ရှောင်းမင်းသား​လေးကို ဖက်ထားတာဆို."

​ပြောကြဆိုကြရင်း တပ်မှူးတစ်​ယောက်ရဲ့စကား​ကြောင့်စစ်သူကြီးဝမ်ပြာသွားရသည်။

"မဟုတ်ပါဘူးကွာ..ဘယ်ကဖက်ရမှာလဲ "

"အယ် ခါးကိုကိုင်ထားပြီး ​ရှောင်းမင်းသားတစ်ကိုယ်လုံးစစ်သူကြီးဝမ်ရင်ခွင်​ထဲ​ရောက်​နေတာကမဖက်တာလား?"

စစ်သူကြီးဝမ်ကမျက်လုံးကြီးပြူးပြီးကပျာကယာတားဆီးလာသည်။

"ဘယ်ကကွာ မဖက်ရပါဘူး ငါကဒီအတိုင်းထိန်း​ပေးရုံပါ.."

"အယ် အယ်ဟုတ်ရဲ့လား.."

ဝိုင်းစကြရင်း ခန္တာကိူယ်​တောင့်တဲ့တပ်မှူးတစ်​ယောက်က ခပ်ပိန်ပိန်ရဲမက်ကိုတွဲကာ။

"မ​တွေ့ရတာကြာလို့လွမ်း​နေတာ​ရှောင်းမင်းသား​လေးရယ်.."

"အိုစစ်သူကြီးဝမ်က သိပ်ပိုတာပဲ.."

ရဲမက်ကမူပိုစွာမျက်​စောင်းပါထိုး​တော့ တပ်မှုး​တွေတဝါးဝါးပွဲကျကုန်ကြသည်။

စစ်သူကြီးဝမ်မျက်နှာက​တော့နီသထက်နီလာတာ​ပေါက်ထွက်မတတ်ပင်။
ငယ်ငယ်ထဲကတူတူ​လေ့ကျင့်ရင်းကြီးပြင်းလာကြ​တော့ စစ်​ရေးစစ်ရာဆုံးဖြတ်ချ​တွေချသည့်အချိန်မှလွဲ၍ ​လေ့ကျင့်​ရေးလုပ်​သောအချိန်တွင် ထိုသူ​တွေကစစ်သူကြီးဝမ်ရဲ့သူငယ်ချင်း​တွေပင်ဖြစ်ကြသည်။

"မင်းတို့​တော်​တော့ကွာ..."

"စတာပါဗျာ. စစ်သူကြီးဝမ်နဲ့​ရှောင်းမင်းသားရဲ့အ​ခြေအ​နေ​က​ကော ဘယ်လိုလဲ.."

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Where stories live. Discover now