0.0

185 23 7
                                    

Unicode

နေထိုင်ရာ ဘူဆန်မြို့ကြီးကနေ နယ်မြို့လေးတစ်မြို့ဆီ ပြောင်းရွှေ့လာခဲ့ရတယ်။ အကြောင်းက အလုပ်ကိစ္စကြောင့် ရောက်ရှိလာခဲ့ခြင်းပင်။ တိုက်တိုက်ဆိုင်ဆိုင် ဤနယ်မြို့လေးမှာ သူတို့မိသားစုရဲ့ ဘိုးဘွားပိုင်အမွေဆိုင်အိမ်လည်းရှိနေတယ်။

ဟိုတယ်မှာပဲတည်းဖို့လုပ်ပေမဲ့ အနည်းဆုံး တစ်လလောက်တော့ နေရမယ်ဆိုတော့ အဆင်မပြေတော့ပေ။ ဒါကြောင့် ထိုအိမ်မှာပဲ နေဖို့ဆုံးဖြတ်လိုက်ရတော့တယ်။

ကျွီ~~!

" အဟွတ် ! အဟွတ်! "

လူမနေတာကြာပြီဖြစ်တဲ့ အိမ်ကြီးရဲ့ တံခါးမကြီးက တကျွီကျွီ။ တံခါးဖွင့်လိုက်တာနဲ့ နှာခေါင်းနားအလုံးအရင်းနဲ့ တိုးဝင်လာတဲ့ဖုန်နံ့များကြောင့် နှာခေါင်းကိုလက်နဲ့ အလျင်အမြန်အုပ်လိုက်ရတယ်။

မီးခလုတ်ကို လက်ဖြင့်စမ်းကာ ဖွင့်လိုက်တော့မှ တစ်အိမ်လုံး လင်းထိန်သွားကာ အကုန်လုံးကိုသေချာမြင်ရတော့တယ်။

" အိုက်ယားးး ဒါတွေကို ငါတစ်ယောက်တည်း ရှင်းရမှာလား "

ခရီးဆောင်အိတ် နဲ့အထုတ်အပိုးတွေကို အိမ်ထဲ မနိုင်မနင်းသယ်ရင်း Park Jiminတစ်ယောက် ညီးညူမိသည်။ မိုးတောင်မလင်းသေးတဲ့အချိန်အစောကြီးထပြီး ကားအကြာကြီးစီးလာရလို့ပင်ပန်းနေတဲ့အပြင် ရှင်းရမှာတွေကိုမြင်ပြီး စိတ်ဓာတ်တွေပါကျသွားတယ်။

ပစ္စည်းတွေကို ဧည့်ခန်းထဲမှာ ခဏထားခဲ့ပြီး ချက်ချင်းနားလို့ရလောက်မည့်နေရာကို Jimin လိုက်ရှာမိသည်။ တွေ့တာနဲ့တန်းအိပ်လို့ရတဲ့နေရာမျိုးကတော့ ရှိမှာမသေချာပေမဲ့ နည်းနည်းပါးပါးသုတ်သင်ပြီး လှဲချလို့ရမဲ့နေရာကတော့ ရှိမှာပါလေ။

တစ်ခန်းဝင်တစ်ခန်းထွက် လိုက်လံကြည့်ရှုပြီး အဆင်ပြေတဲ့နေရာမတွေ့တာကြောင့် ခေါင်းကုပ်ကာ ကြံရာမရဖြစ်နေတော့တယ်။

နောက်တော့ ဧည့်ခန်းထောင့်မှာ ခေါက်လျက်သားထပ်ထားတဲ့ ကတ္တီပါကော်ဇောတွေကိုတွေ့လိုက်တော့ Jiminချက်ချင်းပဲ ကော်ဇောတွေကို ဆွဲယူကာ အဝတ်စုတ်တစ်ခုဖြင့် ဖုန်တွေကို ခါလိုက်သည်။

-Wait for me come ~HOME~-(Completed)Where stories live. Discover now