ထိုနေ့မှစ၍ Jimin ဟာ အလုပ်သွားချိန်ပဲ အိမ်အပြင်ထွက်ဖြစ်ပြီး အမြဲစာအုပ်တွေနဲ့အချိန်ကုန်နေခဲ့တယ်။ အလုပ်ကအပြန်ဆိုလည်း စာအုပ်များစွာ အိမ်ကိုပါလာတတ်ပြီး တစ်ခါတလေ Social Mediaပေါ်ကနေ တစ်စုံတစ်ခုကို သည်းကြီးမည်းကြီး ရှာဖွေနေတတ်တယ်။
Yoongiမှာ မြင်တွေ့နေရသော်လည်း ဘာမှဝင်မပြောဖြစ်ပေ။ Jiminမေးတဲ့ ထူးဆန်းတဲ့မေးခွန်းတွေကို ဒိုင်ခံဖြေပေးရသည်။ အဲ့ဒီ့အချိန်မှလွဲ၍ တခြားအချိန်တွေမှာ Yoongiဟာ တိတ်ဆိတ်လို့နေတယ် ။ သူ့ကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးရိမ်မိလို့ပဲ။
“ hyung~ hyung ရှိလား ”
“ ကိုယ်မင်းဘေးမှာရှိပါတယ် ”
Jimin မြင်ရအောင် ကိုယ်ယောင်ပြကာ ကုတင်ဘေးမှာ မတ်တတ်ရပ်နေသည်။
“ hyung တစ်ခုခုမှတ်မိလာတာရှိလား ”
Yoongiက Jiminကို စိုက်ကြည့်လာပြီး ထိုမျက်ဝန်းတစ်စုံဟာ အဓိပ္ပာယ်ဖော်မရလောက်အောင် အေးစက်နေတယ်။
“ Jiminie ! ”
“ အွန်း~ hyung တစ်ခုခုမှတ်မိလို့လား ”
“ မင်းလေး ဘာတွေလုပ်နေသလဲ ကိုယ်သိခွင့်ရှိမလား ”
“ Yoongi hyung~~”
“ ကိုယ်သိချင်တယ် Jiminie.. ကိုယ့်ကိုပြောပြနိုင်မလား~ ”
hyungရဲ့လက်ကို ကိုင်ဖို့ကြိုးစားတော့ hyungက နားလည်သည့်အလား သူကိုယ်တိုင် Jiminလက်ကို ကိုင်ပေးတယ်။
“ ကျွန်တော်က hyung နောက်ဘဝကူးနိုင်ဖို့အတွက် ကြိုးစားပေးနေတာပါ... ”
hyungက ရုတ်တရက် ဒေါသထွက်သွားသည့်အကြည့်ဖြင့် Jiminလက်ကို လွှတ်ချလိုက်တယ်။Jiminမှာ အယောင်ယောင်အမှားမှားနဲ့ မတ်တတ်ထရပ်မိတဲ့အထိ။
“ hyung~ ”
“ မင်းက ကိုယ့်ကို ခွာထုတ်ချင်နေတာပဲ ”
“ အဲ့ဒီ့လို မဟုတ်ဘူး hyung ”
အေးစက်လှတဲ့အကြည့် ၊ စကားကတဆင့် လေထုရဲ့အေးစက်မှုကပါ တစိမ့်စိမ့်။
“ မင်းအနားကနေ ကိုယ့်ကို ထွက်သွားစေချင်နေတာ!!!!!!! ”
ဝုန်း!! ခလွမ်း!
YOU ARE READING
-Wait for me come ~HOME~-(Completed)
Fanfictionအိမ်ကြီးတစ်အိမ်ထဲတွင် ချစ်ရသူပြန်အလာကို စောင့်မျှော်နေသည့် တစ်စုံတစ်ရာ ရှိနေခဲ့ပါ၏~~ Uni / Zaw