" ဟင့်အင်း...မဟုတ်ဘူး..! "
" Yoongi..Yoongi! "
အိပ်ရာပေါ်၌ ချွေးတွေရွှဲကာ လူးလှိမ့်နေတဲ့ Jimin။ Yoongiမှာ ဘေး၌ထိုင်ကြည့်ရင်း စိတ်ပူနေရသည်။
" Jimin...ဘာဖြစ်တာလဲ..Jimin! ထပါဦး!! "
Yoongiအသံပြုလိုက်တော့ Jiminနိုးလာပြီး တာဝေးပြေးထားသည့်လူတစ်ယောက်နှယ် မောပန်းနေလေသည်။
Jimin မှာခေါင်းကိုဘေးသို့ဖြည်းညင်းစွာလှည့်ရင်း Yoongiကိုမြင်လိုက်တဲ့အခါ မျက်ရည်တို့က အဆက်မပြတ်စီးကျလာပြီး ရင်ထဲနာကျင်လာရသည်။
" Jimin? "
" hyung~~ ကျွန်တော့်ရဲ့ hyung~~ "
" Ji..Jimin?? "
ကလေးက Yoongiကို hyungတဲ့။ သူ့ကိုhyungလို့ခေါ်လိုက်တယ်။ မှတ်မိသွားခဲ့ပြီ သူ့ကလေးလေးက သူ့ကိုမှတ်မိသွားပြီ။
Yoongi အရမ်းပျော်ရွှင်သွားရသည်။
ချက်ချင်းပဲ Jiminအနားသို့တိုးကာ ပွေ့ဖက်မည်အပြု-" မလာနဲ့!!! "
" ကလေး~ "
" မလာနဲ့!! ခင်ဗျား ကျွန်တော့်အနားကိုမလာနဲ့..."
" ကလေး ကိုယ်လေ..မင်းလေးရဲ့ hyungလေ"
Yoongiက Jiminရဲ့လက်ကလေးကိုကိုင်လိုက်တဲ့အချိန် အရင်လိုထိမရတော့ဘဲ သူ့လက်က လေထဲမှာသာ တည်ရှိလို့နေတယ်။
Yoongi စိုးရိမ်စိတ်တွေ လှိုက်တက်လာတယ်။ သူဘာလို့ ကလေးကို ထိမရတော့တာလဲ။ Jiminအနားထပ်မံတိုးကပ်မိပြန်တော့....
" ကလေး! "
" ကျွန်တော့်အနား မလာခဲ့နဲ့လို့ ပြောနေတယ်လေ!!! မလာပါနဲ့ ဟင့်! "
ငိုရင်းထပ်ပြောလာတဲ့ Jiminရဲ့စကားကြောင့် Yoongiမှာပိုလို့သာနာကျင်ရသည်။ ဘာကြောင့်များ အနားမကပ်ခိုင်းရတာလဲ။ သူ့ကိုမှတ်မိနေပြီပဲမဟုတ်လား။ ဒါမှမဟုတ် သူ့ကိုကြောက်နေတာလား။
" ကလေး ကိုယ့်ကိုမမှတ်မိ... "
" ခင်ဗျားကိုတွေ့ချင်တာ ဒီလိုပုံစံနဲ့မှမဟုတ်တာဗျာ.... "
Jimin သတိရရချင်း သူအရမ်းချစ်ရတဲ့hyungကို ထိတွေ့ဆုပ်ကိုင်၍မရနိုင်တဲ့ လေထုလေးအဖြစ် မြင်လိုက်ရတဲ့အခါ သူ့ရင်တွေကွဲကြေရတာပါပဲ။
CZYTASZ
-Wait for me come ~HOME~-(Completed)
Fanfictionအိမ်ကြီးတစ်အိမ်ထဲတွင် ချစ်ရသူပြန်အလာကို စောင့်မျှော်နေသည့် တစ်စုံတစ်ရာ ရှိနေခဲ့ပါ၏~~ Uni / Zaw