8.8

67 13 4
                                    

မျက်စိရှေ့က သစ်ပင်ကြီးကို ကြည့်ရင်း သူ့ရင်ထဲ စို့နင့်လာခဲ့တယ်။ ပင်စည်ကြီးကို ထိကိုင်လိုက်တော့ မျက်ရည်တစ်စက်ကစီးကျလာပြန်တယ်။

Yoongiကပါ Jiminလက်လေးကို အုပ်ကိုင်လို့ သက်တမ်းရင့်သစ်ပင်ကြီးကို မော့ကြည့်မိတယ်။ ထိုသစ်ပင်ကြီးကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦး ဘယ်လောက်ကြာအောင်ဝေးကွာနေခဲ့သလဲ သိရှိနိုင်သည်။

Yoongiမရှိ‌တော့တဲ့နောက်ပိုင်း ရေလောင်းပေါင်းသင် ရှင်းလင်းခြင်းမရှိ‌တော့တဲ့ သစ်ပင်ကြီးဟာ နှစ်တွေကြာတဲ့အထိတောင် ကောင်းမွန်စွာ ရှင်သန်နေသည်။

Jimin က ခြေနင်းထားသည့်နေရာသို့ ခပ်ဖြည်းဖြည်းငုံ့ကြည့်ရင်း ရှိုက်သံတို့က တစ်ဆတစ်ဆ။

ပုံမှန်နဲ့မတူ ချိုင့်ဝင်နေတဲ့နေရာလေးကိုမှ နင်းမိထားခြင်းပင် မဟုတ်ပါလား။

ခြေတစ်လှမ်းစာလောက် အနောက်ဆုတ်လိုက်ပြီး ‌ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

အပေါ်ယံမှာပေါက်ရောက်နေတဲ့ မြက်ပင်ငယ်တစ်ချို့ကို ဖယ်ရှားရင်း အနည်းငယ်မာကျောနေတဲ့မြေနေရာကို တူရွင်းသေးတစ်ခုနှင့် စတင်တူးဆွလိုက်သည်။

ပျော့နေတဲ့မြေကြီးတစ်ချို့ကို လက်ဖြင့်ယက်ထုတ်ပြီးနောက်မှာ တစ်စုံတစ်ခုကို‌တွေ့လိုက်ရသည်။ ခပ်မြန်မြန်ပဲ ထိုအရာကို အပြင်သို့ရောက်အောင် ကြိုးစားထုတ်ယူလိုက်သည်။

လက်ထဲပါလာတဲ့ ကြယ်ပုံစံဖန်ပုလင်းလေးကိုကြည့်ရင်း မျက်ရည်တို့ထပ်မံစီးကျလာပြန်သည်။

နှင်းဆီပန်းလေးတစ်ပွင့်က နှစ်တွေကြာသည့်တိုင် ပုလင်းထဲနေရာယူထားသည်။ အရောင်မွဲမွဲလေးဖြစ်နေတဲ့ နှစ်ယောက်တွဲဓာတ်ပုံလေးတစ်ပုံနဲ့အတူ လက်စွပ်လေးတစ်ကွင်း။ ဓာတ်ပုံလေးနောက်မှာတော့ သူတို့နှစ်ယောက်လက်ထပ်တဲ့ရက်စွဲလေးကို ရေးမှတ်ထားသည်။ နောက်ထပ်ပါလာတဲ့ လက်ပတ်ကြိုးအနက်လေး ၊ ဒါဟာ Jiminလက်မှာပတ်ထားတဲ့ လက်ပတ်ကြိုးအနက်လေးနဲ့ဆင်တူလေးဖြစ်တယ်။

hyungဟာသူနဲ့ပက်သက်သမျှ တန်ဖိုးအထားရဆုံးပစ္စည်းတွေကို ထားရစ်ခဲ့သည်။ Jiminပြန်လာလို့ သူမရှိတော့ရင်တောင် Yoongiရဲ့ ကိုယ်ပွားလေးတွေဖြစ်တဲ့ Jiminနဲ့ဆင်တူပစ္စည်းလေးတွေကို ထားခဲ့ခြင်းဖြင့် စောင့်နေတယ်ဆိုတဲ့အကြောင်း သိစေချင်ခဲ့သည်။

-Wait for me come ~HOME~-(Completed)Where stories live. Discover now