9.9

88 14 1
                                    

ရာသီဥတုက Jiminရဲ့ခံစားချက်နဲ့ထပ်တူကျနေခဲ့တယ်။

hyungရဲ့အုတ်ဂူလေးရှေ့မှာ နှင်းဆီပန်းအဖြူတစ်ပွင့်ကိုကိုင်ထားရင်း Jiminရဲ့မျက်ရည်တွေဟာလည်း ရွာသွန်းတဲ့မိုးနဲ့အတူ ပြင်းထန်စွာကျဆင်းတယ်။

ထပ်တွေ့ချင်သေးတယ် hyung~~

hyung လွတ်လပ်တဲ့ဘဝကိုပိုင်ဆိုင်ရဖို့ ကျွန်တော်ကြိုးစားခဲ့ပေမဲ့ အခုကျွန်တော်ကပဲ hyungကို ပြန်လိုချင်နေမိတယ်~~

hyungတော့ ကျွန်တော့်ကို စိတ်ဆိုးတော့မှာပဲ

ကျွန်တော့်ကို ကြည့်နေလား hyung..
စိတ်ဆိုးမယ်ဆိုလည်း ဆိုးလိုက်ပါတော့...
ကျွန်တော် ငိုပါရစေ....

တောင်းပန်ပါတယ်~~
အကြိမ်ကြိမ်တားတဲ့ကြားက အတင်းထွက်သွားမိတဲ့ ကျွန်တော်...
ပြန်လာမယ်ပြောပြီး အချိန်အကြာကြီးစောင့်ခိုင်းမိတာတောင် အပြစ်မယူတဲ့ hyung...

ကျွန်တော့်ကြောင့် နှစ်တွေနဲ့ချီပြီး ပိတ်လှောင်ခံထားရတဲ့ hyungကို ဘယ်လိုနည်းနဲ့ပြန်ပေးဆပ်ရမလဲ။

နောင်ဘဝဆိုတာရှိခဲ့ရင် hyungရဲ့ခြေရင်းမှာခစားရတဲ့ ဘဝမျိုးပဲလိုချင်တော့တယ်...ကျွန်တော့်ဆန္ဒကိုကြားရင် hyung များဆူမလား။

" ကျွန်တော် လွမ်းနေပါ့မယ်...hyungက ကျွန်တော့်နှလုံးသားထဲမှာ အမြဲရှိနေမှာပါ~~ "

" ဘယ်လိုအခြေအနေရောက်ရောက် hyungနဲ့အတူရှိခဲ့ဖူးတဲ့အချိန်တွေကို ပြန်တွေးပြီး နေထိုင်သွားပါ့မယ် "

" hyung ရှိတဲ့နေရာကိုလည်း အရောက်လာခဲ့မယ်နော် ကျွန်တော့်ရဲ့ hyung "

" ချစ်တယ် hyungရယ်~~ Jiminieကို ကောင်းကင်ပေါ်ကနေအမြဲစောင့်ကြည့်နေပေးနော်~~ Jiminieမျှော်နေပါ့မယ် "

ငိုသံတစ်ဝက်နဲ့ တုန်ရီနေတဲ့ အသံဟာ မိုးရေတွေကြားထဲ ကွယ်ပျောက်လုမတက် တိုးညင်းလှသည်။

ချစ်ရတဲ့ Yoongi hyung..
အေးချမ်းတဲ့အရပ်မှာ ပျော်ရွှင်စွာနေပါ~~

____________

" နေမကောင်းဘူးလား Jimin ! "

" အာ...ကောင်းပါတယ် စာရင်းတွေပေးမလို့လား.. "

-Wait for me come ~HOME~-(Completed)Where stories live. Discover now