1.1

102 23 9
                                    

Jimin ပြန်နိုးလာတော့ အိပ်ရာပေါ်ရောက်နေတယ်။ ပြတင်းပေါက်အပြင်ဘက်မှာလည်း နေရောင်ကတောက်ပနေတယ်။ သူ ခုံပေါ်ကပြုတ်ကျတာတော့ မှတ်မိပါတယ်။ ဒါပေမဲ့အဲ့ဒါကဒီအခန်းမှမဟုတ်ဘဲ ဘယ်လိုအိပ်ရာပေါ်ရောက်လာလဲမသိဘူး။

သူထထိုင်လိုက်ပြီး အခန်းတွင်း လိုက်ကြည့်တော့ တစ်ခန်းလုံးကသန့်ရှင်းနေတာပဲ ။ နောက်ပြီး ခေါင်းအုံးဘေးမှာလည်း သူ့ဖုန်းကအဆင်သင့်ရှိနေတယ်။ အောက်ထပ်မှာ အားသွင်းထားခဲ့တဲ့ဖုန်းက အပေါ်ထပ်ထိတောင်ရောက်လာတယ်။ ဖုန်းကနာရီကိုကြည့်တော့

မနက်7နာရီ ???
WTF!!! နောက်တစ်နေ့တောင်ကူးသွားပြီ!!!!

" ဘာတွေဖြစ်နေတာလဲ "

Jiminချက်ချင်းပဲ အခန်းထဲကထွက်ပြီး အောက်ထပ်ဆင်းကြည့်တော့ ကိုယ့်မျက်လုံးတောင်ကိုယ်မယုံနိုင် ။

" မဖြစ်နိုင်တာ !! "

ရှင်းလင်းနေတဲ့ဧည့်ခန်းထဲမှာ အခုပရိဘောဂတွေအပြည့်။ တစ်အိမ်လုံး အိမ်အသစ်ကဲ့သို့သန့်ရှင်းတောက်ပြောင်နေတာများ သန့်ရှင်းရေးတောင်လုပ်စရာမလိုတော့ပေ။ သန့်ရှင်းရေးမလုပ်ရလို့ပျော်ရမဲ့အစား ဖုန်တလူလူဖြစ်နေတဲ့‌နေရာကြီးက ချက်ချင်းလက်ငင်းသန့်ရှင်းနေတာကြီးက သူ့စိတ်ကိုပိုခြောက်ခြားစေတယ်။

ထိုစဉ် ခေါင်းထဲတစ်စုံတစ်ရာပေါ်လာတာနဲ့  တစ်ဖန် အပေါ်ထပ်ကိုပြေးတက်သွားလေသည်။

" တကယ်ပဲ ဘာတွေဖြစ်နေတာလဲ "

သူ့မျက်စိရှေ့က ပုံတူပန်းချီကားကြီးကို ကြည့်နေရင်း Jimin နောက်ကျောအေးစိမ့်သွားတယ်။

လိုက်ကာစက တစ်ချက်လွင့်သွားပြီးနောက် Jiminခြေထောက်နားတစ်စုံတစ်ခုရောက်ရှိလာတယ်။

ထိုပစ္စည်းနဲ့ကြမ်းပြင် ရိုက်ခတ်သံကြောင့် Jiminခြေထောက်နားငုံ့ကြည့်တော့ ငွေရောင်ပုလဲလုံးပါတဲ့အနက်ရောင်လက်ပတ်ကြိုးလေးတစ်ခု။

Jimin ထိုလက်ပတ်လေးကို ကောက်ယူလိုက်ပြီး ပန်းချီကားကိုကြည့်လိုက်တယ်။ ဘာမှဆက်တွေးမနေတော့ဘဲ ထိုလက်ပတ်လေးကိုယူလာပြီး အခန်းပြင်ထွက်ကာ ထိုအခန်းတံခါးကိုသေချာပိတ်ခဲ့လိုက်တယ်။

-Wait for me come ~HOME~-(Completed)Where stories live. Discover now