2.2

71 14 2
                                    

မှောင်မိုက်နေတဲ့အခန်းငယ်တစ်ခုအတွင်း ပြတင်းပေါက်အပြင်ဘက်အား ဆွေးမြည့်စွာငေးကြည့်နေသည့် ဖြူလွှလွှအရိပ်လေးရှိ၏။

* စောင့်နေပေးပါနော် ကျွန်တော် hyungဆီပြန်လာခဲ့ပါ့မယ် *

* တကယ်လား ကိုယ့်ဆီတကယ်ပြန်လာမှာလား *

* အင်း ကျွန်တော့်ကိုယုံပါ *

* ယုံတယ် ကိုယ်မင်းကိုယုံတယ် ကိုယ်မင်းကို ဒီနေရာကနေတစ်ဖဝါးမှမခွာဘဲစောင့်နေမယ် *

* ချစ်တယ် hyung *

* ကိုယ်လည်းမင်းကိုသိပ်ချစ်တယ် အဆိုးလေး*

အတိတ်ကအကြောင်းအရာတို့ပြန်တွေးရင်း သူ့မျက်ရည်စတို့ ကျဆင်းလာခဲ့တယ်။

အဆိုးလေး ပြန်လာမယ်ဆိုလို့ ကိုယ်အချိန်‌တွေအကြာကြီး စောင့်နေပေးခဲ့တယ်။ မင်းကိုယ့်ဆီပြန်လာပေမဲ့ ကိုယ့်ကိုမမှတ်မိသေးဘူး။ မင်းလေးကိုယ့်ကိုပြန်မှတ်မိအောင် ကိုယ်အစွမ်းကုန်ကြိုးစားပေးမယ် ကိုယ့်အဆိုးလေး။

__________________

Jimin တစ်ယောက် သူ့လက်ကောက်ဝတ်မှာနေရာယူထားတဲ့ လက်ပတ်လေးကို သေချာစိုက်ကြည့်တယ်။

Jimin ဒီလက်ပတ်လေးကို အရမ်းရင်းနှီးနေတယ်။

လက်ပတ်ထိတ်က ပုလဲလုံးလေးကို လက်မလေးနဲ့ပွတ်ကြည့်ရင်း မနက်ကတွေ့ခဲ့တဲ့ဝိညာဥ်အကြောင်းစဉ်းစားမိတယ်။

အဲ့ဒီ့ဝိညာဥ်က Jiminတွေ့တဲ့ပန်းချီကားထဲကလူနဲ့တစ်ပုံစံတည်းပဲ။ ဘာအစွဲအလမ်းတွေများရှိလို့ ဒီအိမ်ထဲမှာပဲ ဝိညာဉ်ဖြစ်နေရတာလဲမသိဘူး။

" ကိုယ့်ကိုခေါ်လိုက်တာလား "

" အားးး!!!! "

ရှေ့တည့်တည့်ရောက်လာတဲ့ ဝိညာဉ်ကြောင့် Jimin အသံကုန်အော်တော့သည်။

" ဘာလို့ ကိုယ့်ကိုမြင်တိုင်း တအားအားနဲ့အော်နေရတာလဲ "

" ခင်ဗျား..ခင်ဗျားကို လန့်အောင်မလုပ်နဲ့လို့ ပြောထားပြီးသားလေ!!! "

" ကိုယ်က မင်းခေါ်လို့ တန်းလာခဲ့ရတာလေ "

" ခင်ဗျားကိုဘယ်မှာခေါ်လို့လဲလို့!!!!!! "

-Wait for me come ~HOME~-(Completed)Where stories live. Discover now