5.5

77 16 3
                                    

Jimin မှာဆေးအရှိန်နဲ့အိပ်‌ပျော်သွားလိုက်တာ ရုံးဆင်းချိန်ရောက်ခါနီးမှ ပြန်နိုးလာတယ်။

ဆေးကလည်းကုန်နေပြီမို့ ထထိုင်လိုက်တော့ တစ်ချိန်တည်း ဆရာဝန်ကပါ အခန်းထဲဝင်လာတဲ့အချိန်နဲ့တိုးတယ်။

“ သက်သာပြီလား Jimin shii

“ ဟုတ်ကဲ့ ခုနကထက်စာရင် အများကြီးသက်သာလာပါပြီ ”

Jiminလက်ကdripကိုဖြုတ်ပေးရင်း အဆင်သင့်ထုတ်ထားတဲ့ဆေးထုတ်ကိုပေးတယ်။

“ ဟုတ်ပါပြီ ဒီဆေးကိုပုံမှန်သောက်နော်..အိမ်ပြန်ပြီနားလိုက်တော့..တစ်ယောက်တည်းပြန်လို့အဆင်ပြေရဲ့လား ”

“ ပြေပါတယ်ဗျ...ကျွန်တော်ပြန်နိုင်ပါတယ် ”

“ ကောင်းပါပြီ..ဂရုစိုက်သွား! ”

Jimin ဆေးပေးခန်းကနေထွက်လာပြီး ဌာနဘက်ကိုထွက်လာခဲ့ပြီး အကျိုးအကြောင်းပြောပြီးတာနဲ့ အိမ်ပြန်လာခဲ့တော့သည်။

_____

လသာဆောင်ထက်မှာ ကော်ဖီတစ်ခွက်ကိုအဖော်ပြုလို့ လေညင်းခံဖြစ်တယ်။

ကြယ်တွေကင်းစင်နေတဲ့ ကောင်းကင်ယံမှာ လမင်းကြီးတစ်ခုတည်းကသာ အထီးကျန်စွာ ရှိလို့နေတယ်။ သူလည်း အဲ့ဒီ့လမင်းကြီးလိုပဲ တိတ်ဆိတ်နေတဲ့ ဒီနေရာမှာ သူတစ်ယောက်တည်းအဖော်မဲ့နေခဲ့တယ်။

ဘာလိုလိုနဲ့ hyungကိုမတွေ့ရတာ တစ်လပင်ပြည့်တော့မည်။ သူ့ရှေ့ပေါ်မလာဖို့အရင်ပြောခဲ့တဲ့သူက Jiminဆိုပေမယ့် အခုလိုမတွေ့ရတော့လည်း သူ့စိတ်တွေကပျံ့လွင့်နေပြီး hyungကိုပဲ‌တွေ့ချင်နေသလို။

တကယ်ပဲ ရူးသွားလိုက်ပါတော့လား။

_________

* Jimin ~~ *

* Jimin..hyungကိုခွင့်လွှတ်ပေးပါ...hyung  Jiminieအနားမှာနေချင်တယ် *

* Jiminie ကိုစောင့်နေခဲ့တဲ့ hyungကိုမသနားဘူးလား ဟင် *

* hyungအရင်လို ကလေးအနားမှာပြန်နေချင်တယ်..hyungကိုခွင့်လွှတ်ပေးပါ နော် *

ရုတ်တရက် လန့်နိုးလာတဲ့ Jimin..
မျက်ရည်စတွေဟာအပြည့်...သူကြမ်းတမ်းစွာ ဖိသုတ်လိုက်တယ်။

-Wait for me come ~HOME~-(Completed)Where stories live. Discover now