Chapter-10

2.4K 252 28
                                    

ဆံပင်​ခြောက်တာကိုထိုင်​စောင့်ရင်းသူတို့စကား​ပြော​နေရာက​နေ သူတို့ရဲ့ငယ်ဘဝအမှတ်တရ​တွေဆီစကားက​ရောက်သွားရ​သည်။

"မှတ်မိ​သေးလား?​ရှောင်းမင်းသား​လေးငယ်ငယ်ကဆံပင်​တွေ​ရေစိုတာမကြိုက်ဘူးဆိုပြီး တပ်ရင်းအ​နောက်ကစမ်း​ချောင်းထဲ​ရေသွားချိုးချိန်ဆိုထိုင်​စောင့်​နေတတ်တာ​လေ.."

လူကြီးရဲ့အ​ပြော​ကြောင့်​အတိတ်ကိုသတိရပြီးရှောင်းကျန့်ပြုံးလိုက်မိသည်။

"အဲ့တုန်းကတကယ်ကျွန်​တော်မကြိုက်တာ ဆံပင်ကထူပြီးရှည်​တော့ ​နေရခက်တယ်​လေ.."

​ရှောင်းကျန့်၁၀နှစ်သားအရွယ် လူကြီးတပ်မှူးဘဝမှာ သူတို့ဟာသွားအတူစားအတူဖြစ်ခဲ့သည်။
တစ်ရက်​တော့တပ်ရင်းရဲ့အ​နောက်ဘက်မှာ​ရေသွားချိုးချင်တယ်လို့လူကြီးကဆိုလာခဲ့သည်။
အပျို​တော်အကူအညီနဲ့ပဲအမြဲ​ခေါင်း​လျှော်တဲ့​ရှောင်းမင်းသား​လေးကလူကြီးနဲ့အတူစမ်း​ချောင်းထဲမှာ​ရေချိူးရ​အောင်ဟုမဲစွယ်လာ​သောအခါ မျက်နှာ​လေးရှုံ့မဲ့သွားသည်၊

"လူကြီးကျွန်​တော်​ရေမချိုးချင်ဘူး.."

"​ရှောင်းမင်းသားကလဲ. တူတူချိုးမှာ​လေ ဒီကကိုကိုနဲ့ချိုးမှာကို.."

"ကျွန်​တော်မချိုးချင်ဘူး ."

လူကြီးကမျက်နှာကိုဆူပုတ်ရင်း​ကျောခိုင်းသွားသည်။သူတို့​ခင်မင်ခဲ့တဲ့တစ်နှစ်အတွင်း လူကြီးကသူဖြစ်ချင်တာမဖြစ်ရရင် ဆူပုတ်ပြီး​ကျောခိုင်းသည်။
အဲ့အချိန်ဆို မ​နေနိုင်တဲ့​ရှောင်းမင်းသား​လေးကမျက်​တောင်​လေးတစ်ဖျက်ဖျက်ခတ်ရင်း
က​လေးကလိုက်​ချော့ရသည်။

"ကျွန်​တော် ကျွန်​တော်လိုက်​စောင့်​​ပေးမယ်​​လေ.."

"တူတူချိုးချင်တာပါဆို.."

"လူကြီးရယ်.."

"ထားပါ​တော့ ထားပါ​တော့ လိုက်​စောင့်​ပေးမယ်ဆို သွားကြမယ်​လေ."

"ဟုတ်.."

စမ်း​ချောင်းက အရမ်းကြီးမကျယ်ဘူး.။
လူ​၅​ယောက် လက်ဆန့်ထားတဲ့အ​ခြေအ​နေ​လောက်ပဲရှိသည်။ဒါ​ပေမဲ့​ရေကကြည်လင်​နေပြီး ​ရေ​အောက်က​ကျောက်စရစ်ခဲ​လေး​တွေကို​တောင််အထင်းသားမြင်​နေရတာဖြစ်သည်။

စစ်သူကြီး၏ ချစ်ပွဲ​ခေါ်သံ(Completed)Onde as histórias ganham vida. Descobre agora