7

364 58 2
                                    

[Unicode]
Chapter-7 (အမဲကျောင်း အပိုင်းခုနစ်)

ဒူရိရှင်း လည်း စုယင်း ကိုတစ်ချက်ကြည့်လိုက်ပေမဲ့ ဘာတစ်ခွန်းမှပြန်မပြောဘဲ ဆေးခန်းအပြင်ဘက်ကိုသာ ဦးတည်ပြီးကြည့်နေတယ်။

"အော် နင်ကငါ့ကိုလျစ်လျူရှုထားတယ်ပေါ့။  နင်ကြောင့်ငါ့ကောင်လေးသေရတာ ငါအခုထိတောင်...."

စုယင်း စကားပြောနေရင်း ဒူရိရှင်း ကြည့်နေတဲ့ဘက်ကိုလှမ်းကြည့်မိချိန် သူမမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် စကားတောင်ပြီးအောင်မပြောနိုင်တော့ပဲ ရှော့ရသွားကာ ပါးစပ်ကိုလက်နဲ့အုပ်ထားမိတယ်။

တံခါးရဲ့အပြင်ဘက် မီတာအနည်းငယ်အကွာမှာ ဂျူတီကျဆရာက သေဆုံးနေပြီး ခေါင်းတစ်ခြမ်းပင်မရှိတော့။သွေးတွေ အစအနတွေက ကော်ရစ်ဒါတောက်လျှောက် ပြန့်ကျဲနေတယ်။အိုက်လီ လည်း ထိုမြင်ကွင်းကြောင့် အရမ်းခြောက်ခြားသွားကာ ရေရွတ်နေတယ်။

"ဘယ်လိုဖြစ်ပြီး..."

အဲ့နောက်မှာ သူတစ်ခုခုကို သွားသတိရလိုက်ပြီး

"ဒါဆို ကျွန်တော်တို့ခုနကကြားလိုက်ရတဲ့အသံက ဒါကြီးလား...သူ့ကို တစ်ယောက်ယောက်ကသတ်သွားတာလား"

ဒူရိရှင်း က ခေါင်းငြိမ့်ပြပြီး ထိုလူသေလောင်းဆရာဆီ  လျှောက်သွားတယ်။အိုက်လီ လည်းပဲ ဒူရိရှင်း နောက်ကလိုက်သွားတယ်။ဒူရိရှင်း ကုပ်ကုပ်လေးထိုင်ကာ ဆရာအလောင်းကို စတင်ရှာဖွေနေလိုက်တယ်။

"အဲ့အလောင်းထဲမှာ တခုခုရှိလို့လား"

"သော့"

အနောက်အိတ်ကပ်ထဲကနေ ဒူရိရှင်း သော့တွဲတစုံလုံးရလိုက်တယ်။

အိုက်လီ သူ့စီနီယာကိုကြည့်ရင်း ကြည့်ရင်း ပိုထူးဆန်းလာတယ်လို့ခံစားလိုက်ရတယ်။ခုနကသူတို့ကုတင်အောက်မှာပုန်းနေကတည်းက စီနီယာရဲ့အမူအယာတွေက ထူးဆန်းနေတယ်။ခပ်လှမ်းလှမ်းနောက်ဘက်မှာရပ်နေတဲ့ စုယင်း က ထိုအရာကိုမြင်တော့မေးလာတယ်။

"ဒါဆို ငါတို့ထွက်လို့ရပြီမလား"

"သော့မှန် မမှန် စမ်းကြည့်မှပဲရမယ်"

Survival Game ထဲရောက်တော့ ငါ့ရဲ့ Single ဘဝလေးကိုစွန့်ပစ်လိုက်တယ် Where stories live. Discover now