32

85 14 0
                                    

[Unicode]

Chapter-32 (အမှတ်မထင်တွေ့ဆုံခြင်း)

ဒူရိရှင်း နဲ့ ယင်ရှန်း တို့နှစ်ယောက်သား BBQဆိုင်ကထွက်လာချိန်မှာတော့ ကောင်းကင်ကြီးကလည်း မှောင်နေပြီဖြစ်တယ်။ယင်ရှန်း က သူ့ဆိုင်ကယ်ထားတဲ့ဆီပြန်သွားကာ မထွက်သွားခင်မှာ လှည့်ပြောလာတယ်။

"ဒီရက်တွေ လျှောက်ပတ်မသွားနေနဲ့။ အကြိမ်ရေများလာရင် သော့ကလူတွေကိုနယ်ပယ်ထဲဆွဲထည့်နေလိမ့်မယ်"

ဒူရိရှင်း ကိုယ်တိုင်လည်း သူ့အကိုကို ရှာမတွေ့ခင်သူသေမှာကိုစိုးရိမ်နေတာကို နားလည်ပေမဲ့ သူကဘယ်တော့မှနှစ်ကြိမ်ထက်ပိုပြီးစိုးရိမ်ပူပန်တတ်သူမဟုတ်။

"စိတ်မပူပါနဲ့။ ငါ မတော်တဆအထဲဆွဲခေါ်ခံလိုက်ရရင်လည်း အတတ်နိုင်ဆုံး ငါအသက်ရှင်နိုင်မှာပါ"

"အို"

ယင်ရှန်း က အထင်သေးနဲ့အကြည့်နဲ့ကြည့်လာတော့ ဒူရိရှင်း က သူ့ရင်ဘတ်သူ ယုံကြည်ချက်ရှိရှိပုတ်ပြလိုက်ကာ

"ယုံထားလိုက်"

"ဟက် ..မင်းကိုယ်မင်းဘယ်တော့မှလက်မလျှော့တာက ကောင်းတဲ့အရာလို့ငါတော့ထင်တာပဲ။  ဒါပေမဲ့ ယုံကြည်ချက်လွန်ကဲတာက မင်းကိုဆွဲချနိုင်တယ်နော်"

ပြီးတာနဲ့ လူငယ်လေးက သူရဲ့ခြေထောက်ရှည်ကြီးတွေနဲ့ဆိုင်ကယ်ပေါ်ခွလိုက်ကာ အင်ဂျင်ကိုနှိုးကာ ခဏအတွင်း လမ်းပေါ်ကနေပျောက်ကွယ်သွားတယ်။

...ဒါပေမဲ သူ့မှာတကယ် ကာကွယ်နိုင်တဲ့စွမ်းရည်ရှိတာအမှန်ပဲလို့..ဒူရိရှင်း တွေးနေမိတယ်။

ဒူရိရှင်း သူ့အဆောင်ကိုပြန်ရောက်တော့ ကျောင်းသားအများစုက လက်ထဲမှာစာအုပ်တွေကိုကိုင်ရင်း သူတို့ညစာစားချိန်ကို ကုန်ဆုံးနေကြတယ်။ဒူရိရှင်း ကတော့ ပျင်းဖို့ကောင်းတယ်လို့ မမြင်ဘဲမနေနိုင်။အရာအားလုံး ဖြစ်ပျက်ခဲ့ပြီးနောက် တစ်နေ့တာရဲ့အချိန်က အခုအထိ 24နာရီတောင်မရှိသေးပေ။

သူ့ကိုယ်သူ အေးဆေးတည်ငြိမ်ပြီး ခပ်မိုက်မိုက်ပုံစံဖြစ်အောင် ကြိုးစားနေပေမဲ့ သူ့မှာစိုးရိမ်ပူပန်စိတ်တွေရှိနေမှန်း သူသိနေဆဲပင်။သို့ပေမဲ့ ထိုအရာတွေက သူ့ရဲ့အာသီသကိုအပေါ်တော့ လွှမ်းမိုးနိုင်စွမ်းမရှိပေ။

Survival Game ထဲရောက်တော့ ငါ့ရဲ့ Single ဘဝလေးကိုစွန့်ပစ်လိုက်တယ် Where stories live. Discover now