25

168 26 0
                                    

[Unicode]

Chapter-25 (ကစားကွင်း အပိုင်းတစ်ဆယ့်တစ်)

တကျော့ပြန်ခေတ်စားလာတဲ့ ပုံပြင်တွေထဲမှာ ဒိုင်ယာလော့က ကျိန်းသေပေါက်ရှိနေနှင့်ပြီးသားဖြစ်နေပြီး ကံကောင်းစွာနဲ့ပဲ  သူတို့က နယ်ပယ်ထဲမှာပဲ ရှိနေဆဲဖြစ်တာကြောင့် ထိုသူတွေ က သူတို့အိတ်ကပ်ထဲက စာအုပ်ငယ်လေးကိုရှာတွေ့သွားကာ ရှော့ခ်ရသွားပြီး ရေရွတ်လာတယ်။

"အို နိုး..ဒါ မြင့်မြတ်တဲ့ဧည့်သည်တော်ကြီးတွေပဲ"

"သိပြီ ဒါဘုရင်ကြီးနဲ့ဘုရင်မတို့ရဲ့ သက်သေလွှာနဲ့အတူ ဖိတ်ကြားထားခံရတဲ့ ဧည့်သည်တော်တွေပဲ"

တပ်စုထဲက ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့တစ်ယောက်ကပြောရင်း ခေါင်းငုံ့အရိုအသေပေးကာ

"ကျုပ်တို့ရဲ့ရိုင်းပြတဲ့အပြုအမှုအတွက် တောင်းပန်ပါတယ်။ကျေးဇူးပြုပြီး ကျုပ်တို့နောက်လိုက်ခဲ့ပါ"

ကိုယ်ရံတော်စစ်သားအားလုံးက သူတို့ကိုလေးလေးစားစားဆက်ဆံနေပုံက စစတွေ့တုန်းကအခြေအနေနှင့် တော်တော်ကို ကွာခြားလွန်းလှသည်။

ရဲတိုက်အိိုကြီးရဲ့ မြေပြင်ပေါ်မှာ အိုဟောင်းနေပြီဖြစ်တဲ့ ကော်ဇောကြီးကို စီတန်းထားကာ သက်တမ်းအတော်ကြာတည်ရှိလာခဲ့ပုံပေါ်တယ်။နံရံတွေမှာ စီတန်းထားတဲ့ အတုံးတွေက ကျောက်တုံးလည်းမဟုတ်သလို ဆေးရောင်တွေပင်ခြယ်သမထားဘဲ ဆီဆေးပန်းချီနဲဲ့ ထူးထူးဆန်းဆန်းခြယ်သတန်ဆာဆင်ထားတာကြောင့် အသုံးအဖြုန်းကြီးသူတွေဆိုတာ သိလိုက်ရတယ်။

သူတို့ကိုအထဲကို ဦးဆောင်ခေါ်သွားပြီးနောက် အစေခံနှစ်ယောက်နဲ့အတူ သူတို့ကိုထားကာ ထွက်သွားတယ်။ထိုနှစ်ယောက်က မိန်းကလေးနဲ့ယောကျာ်းလေးအစေခံဖြစ်ပြီး မိန်းကလေးဖြစ်သူရဲ့ ပုံစံက ဝဖိုင့်တဲ့ပုံစံ ရှိပြီး ယောကျာ်းလေးပုံစံကတော့ ကြည့်ကောင်းပေမဲ့ ပိန်လှီလှတယ်။ အချိန်မရွေး လဲကျသေဆုံးတော့မဲ့ အတိုင်းပင်။

"မာစတာကို နှုတ်ခွန်းဆက်သပါတယ်။ကျွန်မက ဘုရင်ကြီးကို အခစားဝင်တဲ့ကျွန်ဖြစ်ပါတယ် "

အမျိုးသမီး အစေခံက ဦးညွတ်ကာ ဒူရိရှင်း ကိုပြောလာကာ

"ကျေးဇူးပြုပြီး ဒီဘက်ကိုလိုက်ခဲ့ပေးပါ"

Survival Game ထဲရောက်တော့ ငါ့ရဲ့ Single ဘဝလေးကိုစွန့်ပစ်လိုက်တယ် Where stories live. Discover now