24

181 25 1
                                    

[Unicode]

Chapter-24 (ကစားကွင်း အပိုင်းတစ်ဆယ်)..

ဒူရိရှင်း ရဲ့နေရာဘေးမှာ နောက်ထပ်အစက်အပြောက်လေးပုံစံရှိတဲ့ ကုဗတုံးပုံ ကောင်မလေးတစ်ယောက် battleထဲဝင်ရောက်လာတယ်။သူ့စိတ်ထဲ 'မိုယု' ဘယ်သူလဲဆိုတာမသိပေမဲ့ အနည်းဆုံးတော့ သူ့ဘက်က အခွင့်အရေးရှိနေသေးတာကြောင့် သူ သူမကို ပြောလိုက်တယ်။

"ပုံမှန်တိုက်ခိုက်တာကို မရွေးနဲ့။  သူ့ကာကွယ်နိုင်စွမ်းကလျော့တွက်လို့မရဘူး။မင်းမှာ skillဖြစ်ဖြစ် itemဖြစ်ဖြစ်ရှိလား"

အဲ့နောက် သူထပ်ပြီးပြောလိုက်သေးတယ်။

"အဲ့ထဲကတစ်ခုခုကမှ ခေါင်းစည်နီမလေးနဲ့တိုက်တဲ့အခါ အသုံးဝင်တာ"

သူမက သူမရဲ့ကိုယ်ပိုင်ရွေးချယ်စရာ ဘောင်ကွက်ကိုကြည့်နေကာ ဘာမှပြန်ပြောမလာပေ။ ခေါင်းစည်းနီမလေးက သူမဘက်ကနေ တိုက်ခိုက်ရမဲ့အလှည့်ဖြစ်တာကြောင့် စတင်တိုက်ခိုက်လာပြီဖြစ်တယ်။

[ခေါင်းစည်နီမလေး item အသုံးပြုလိုက်ပါတယ်: မိုယုဆီ ကိတ်မုန့်နဲ့ပစ်လိုက်ပါတယ်]

ပထမတစ်ခါက ငါ့ကိုတိုက်တုန်းကလို ဘာလို့ကြက်ဥပုပ်မပစ်တော့တာလဲဟ...

မိုယု ဆီ ပစ်လွှတ်လိုက်တဲ့ ကိတ်မုန့်အစအနက ပျောက်ကွယ်သွားတယ်။ဖြစ်နိုင်တာ မိုယု ရဲ့ HP နည်းသွားလို့နေမယ်။  မိုယု အစကလောက်ပြတ်ပြတ်သတ်သတ်မရပ်နိုင်တော့။

"ရရဲ့လား"

ဒူရိရှင်း မေးလိုက်ပေမဲ့ သူ့ရဲ့ကိုယ်ပိုင် HP က ပိုပြီးတောင် အခြေအနေဆိုးနေသေးတယ်။အဆိပ်ရဲ့သက်ရောက်အားက သူ့HP တွေကို အလှည့်စီတိုင်းမှာ ၅မှတ်ဆီ လျော့ကျစေတယ်။

အခုဆိုရင် သူ့ကိုယ်တိုင်မှာ 5HP သာရှိတော့တယ်။တကယ်လို့ ခေါင်းစည်းနီမလေးမသေသွားဘဲ ဒီတစ်round က ပြီးသွားခဲ့ရှိရင် သေရမဲ့သူက သူပဲ။

အခု မိုယု အလှည့် ပြန်ရောက်ပြီဖြစ်တယ်။

[မိုယု itemအသုံးလိုက်ပါတယ်:ခေါင်းစည်းနီမလေးဆီ ပန်းပွင့်ပေးလိုက်ပါတယ်]

[ခေါင်းစည်နီမလေးက ပျော်ရွှင်ကာပြုံးနေပါတယ်]

အဲ့ဒီနောက် အနိုင်ရရှိတဲ့ သီချင်းသံထွက်လို့လာကာ ခေါင်းစည်းနီမလေးလည်း battle ထဲက ထွက်သွားကာ မြင်ကွင်းတွေက နဂိုတိတ်ဆိတ်အေးချမ်းနေတဲ့ လမ်းမပေါ်ကို ပြန်ရောက်ရှိလာတယ်။

Survival Game ထဲရောက်တော့ ငါ့ရဲ့ Single ဘဝလေးကိုစွန့်ပစ်လိုက်တယ် Where stories live. Discover now