35

93 8 0
                                    

[Unicode]

Chapter-35 (စွန့်ပစ်ဆေးရုံထဲက သင့်ရဲ့ကိုယ်ပိုင်စွန့်စားမှုကိုရွေးချယ်ခြင်း အပိုင်းသုံး)

ဒူရိရှင်း လည်း ပျင်းရိစွာနဲ့ပဲ သိုးတွေကိုသာရေတွက်နေရင်း ခဏအကြာမှာတော့ ရွေးချယ်စရာB က ပျောက်ကွယ်သွားကာ [A.ဆေးရုံကိုလမ်းလျှောက်သွားမည်] သာ ကျန်ခဲ့တယ်။

ထို့နောက် မကြာခင်မှာပဲ ဒူရိရှင်း လည်း သူ့ခန္ဓာကိုယ်က ပြန်လှုပ်လာနိုင်တာကို သိလိုက်တယ်။မဟုတ်တာလဲဖြစ်နိုင်တယ်။နောက်ဘက်က လူတိုင်းကို သူကြည့်လိုက်ချိန် အားလုံးကထူးဆန်းကာ ခံစားချက်မဲ့အမူအယာတွေရှိနေပြီး စကားလည်း မပြောနိုင်ကြသလို ကားပေါ်ကနေ အလိုအလျောက်ဆင်းနေရတာကိုလည်း မထိန်းချုပ်နိုင်ကြပေ။ကားမောင်းသမားတစ်ယောက်တည်းသာလျှင် မူလအတိုင်းရှိနေတာဖြစ်ပြီး အဲ့နောက်မှာတော့ စိတ်ဆတ်နေတဲ့ ဆံပင်ကောက်ကောက် ကောင်လေးက အနောက်ကနေ ဆင်းလာတယ်။ပြီးနောက် လောင်ကျင်း ၊ ရှောင်ရို နဲ့ သူတို့ပဲ ဖြစ်တယ်။

ယင်ရှန်း က လမ်းလျှောက်နေရင်း မျက်စိကိုပိတ်ကာ ဒီနယ်ပယ်ထိန်းချုပ်ခံနေရတာကို အတတ်နိုင်ဆုံးချိုးဖျက်ပစ်ဖို့ကြိုးစားနေပုံပင်။  ဒါပေမဲ့မရတဲ့အပြင် သူ့ဆန္ဒမပါဘဲ ကားပေါ်ကနေသာ ဆင်းလာခဲ့ရတယ်။ဒူရိရှင်း လည်းပဲ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပေ။တချို့အကြောင်းပြချက်ကြောင့်နေမယ်။သူ့စိတ်ထဲမှာ ဆေးရုံကိုသာအမြန်သွားမှဖြစ်မယ်ဆိုတဲ့ အတွေးတွေတွေသာ အလိုအလျောက်စိုးမိုးနေတယ်။ သူ့ကားပေါ်ကဆင်းပြီးချိန်မှ‌သာ သူ့ကိုယ်သူပြန်ထိန်းချုပ်နိုင်တယ်။

ဒါက ဇာတ်ဆောင်တစ်ယောက်ရဲ့ စွမ်းရည်ပဲ။တစ်ခုကိုဆုံးဖြတ်ချက်ချပြီးတာနဲ့ ဇာတ်ရံတွေကပါ ထိုအရာကို ပြီးမြောက်အောင်လုပ်ဖို့ရန် တွန်းအားပေးခံရတယ်။ခြောက်ခြားစရာကောင်းလောက်အောင်ကို သူ့တို့ခန္ဓာကိုယ်ကို အမှန်တကယ်ထိန်းချုပ်ခံထားရတာက သိသာလွန်းနေကာ အသံတစ်ခုခုကိုကြားရတာမျိုးနဲ့မတူပဲ တကယ့်ကို ရုပ်နဲ့နာမ်ကွဲကွာလို့နေတဲ့ ဝိညာဥ်တွေအတိုင်းပင်။

ဆံပင်ကောက်ကောက်နဲ့ကောင်လေးတောင်မှ ထပ်ပြီး ကဒ်အကြောင်းပြောမလာတော့ဘဲ ဘေးမှာသာရပ်နေပြီး နှုတ်ခမ်းကို ကိုက်နေတယ်။အခုဆိုရင် ဒူရိရှင်း ရဲ့အတွေးထဲမှာ ဆေးရုံကိုအမြန်သွားရမယ်ဆိုတဲ့ အလိုအလျောက်တိုက်တွန်းနေတဲ့ရှင်းပြမရနိုင်တဲ့ အတွေးတွေက ပြည့်နှက်လို့နေဆဲပင်။

You've reached the end of published parts.

⏰ Last updated: May 12 ⏰

Add this story to your Library to get notified about new parts!

Survival Game ထဲရောက်တော့ ငါ့ရဲ့ Single ဘဝလေးကိုစွန့်ပစ်လိုက်တယ် Where stories live. Discover now