33

43 9 0
                                    

[Unicode]

Chapter-33 (စွန့်ပစ်ဆေးရုံထဲက သင့်ရဲ့ကိုယ်ပိုင်စွန့်စားမှုကိုရွေးချယ်ခြင်း အပိုင်းတစ်)

"ကြိုဆိုပါတယ်"

ထိုနေရာမှာ အမျိုးသားတစ်ယောက် ထိုင်နေပြီး လက်ပိုက်ထားကာ သူ့မေးစေ့ကို လက်သီးပေါ်တင်ထားတယ်။

ဒူရိရှင်း လည်း မှောင်မဲနေတဲ့နေရာက ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်လိုက်တယ်။သူ့ရှေ့ကလူကို သူမြင်နိုင်တယ်ဆိုရုံသာ..

"မင်းမှာ အထူးစွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ်ဆိုတာ ကိုယ်သိပြီးပါပြီ"

ထိုအမျိုးသားက တခစ်ခစ်ရယ်ရင်း

"ဒါဆိုရင် မင်းကို ရှင်းပြနေဖို့မလိုလောက်တော့ဘူးထင်တယ်။အဲ့ဒီတော့ အဓိက လိုရင်းကိုပဲသွားလိုက်ရအောင်။ ဒီနယ်ပယ်ထဲမှာ မင်းကို ဇာတ်လမ်းတစ်ခုထဲ ပါဝင်သူအနေနဲ့ လိုအပ်တယ်"

"ဇာတ်လမ်း"

ဒူရိရှင်း မှာ ထိုစကားလုံးအပေါ် စိတ်ဝင်စားတယ်ဆိုတာထက် သူ့ရှေ့က စစ်ဆေးလိုသည့်သဘောနဲ့ပြောလိုက်တာဖြစ်တယ်။

ထိုလူရဲ့ ဘယ်နေရာကမှ သာမန် NPC တစ်ယောက်နဲ့တူမနေပေ။ထိုလူလည်း သော့ကိုင်ဆောင်သူပဲလား။မဖြစ်နိုင်ဘူး...ဘယ်လိုလူကမှ ရူးနေလို့ပဲဖြစ်ဖြစ် သူ့ကိုယ်ပိုင်စွမ်းရည်အပေါ်အလွန်ကိုယုံကြည်မှုလွန်ကဲနေလို့ပဲဖြစ်ဖြစ် ကစားသမားရှေ့မှာ ဟောင်ဖွာဟောင်ဖွာနဲ့ပေါ်လာရဲမှာမဟုတ်။သူက အရင်တည်းက ဘာကိုမှသိပ်မယုံ။

"ဒါဇာတ်ညွှန်းပဲ"

ထိုလူလက်ညိုးက ညွှန်ပြလာချိန် ရုတ်တရက်ဆိုသလို ဇာတ်ညွှန်းစာတန်းကာ ဒူရိရှင်း စိတ်ထဲမှာ ပေါ်ထွက်လာတယ်။

[သင်က လူသိနည်းတဲ့ streamer တစ်ယောက်ဖြစ်တယ်။လူသိများဖို့အတွက် လိုင်းပေါ်မှာ ဟစ်ဖြစ်လို့နေတဲ့ စွန့်ပစ်ဆေးရုံကြီးဆီသွားဖို့ ဆုံးဖြတ်လိုက်တယ်။သင်မသွားခင် တခြားသင်သိတဲ့  streamer အများစုကို စုစည်းပေးမှာဖြစ်ပြီး လူစုပြီးရင်တော့ ဒေသခံကနေ ကားမောင်းလိုက်ပို့ပေမဲ့ ထိုဒေသခံဂိုက်တစ်ယောက်နဲ့အတူ ဆေးရုံကြီးဆီကို စတင်ထွက်ခွာမှာပဲဖြစ်တယ်...]

Survival Game ထဲရောက်တော့ ငါ့ရဲ့ Single ဘဝလေးကိုစွန့်ပစ်လိုက်တယ် Where stories live. Discover now