34

40 7 0
                                    

[Unicode]

Chapter-34 (စွန့်ပစ်ဆေးရုံထဲက သင့်ရဲ့ကိုယ်ပိုင်စွန့်စားမှုကိုရွေးချယ်ခြင်း အပိုင်းနှစ်)

ကားသမားထွက်သွားပြီးနောက်မှာ ကားပေါ်မှာချက်ချင်းဆိုသလိုတိတ်ဆိတ်သွားကြကာ  တင်းမာသော သတိအကြည့်တွေနဲ့ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတယ်။သူတို့အားလုံးက ဒီနယ်ပယ်ထဲအသွင်းခံလိုက်ရတဲ့ ဒုက္ခသည်တွေဖြစ်နေခဲ့ရင်တောင် တစ်ဖက်လူတွေအပေါ် ဘော်ဒါလိုမျိုး ပျော်ပျော်ရွှင်ရွှင်ဆက်ဆံနိုင်လိမ့်မယ်လို့ မဆိုလိုပေ။

အထူးသဖြင့် သူတို့တွေက အဖွဲ့ဖွဲ့ထားသလိုဖြစ်နေတဲ့ ယင်ရှန်း နဲ့ ဒူရိရှင်း တို့ကိုသာ သတိထားနေကြတယ်။

ပြီးတော့ ဒီနယ်ပယ်ထဲမှာ အချင်းချင်းသတ်ဖြတ်ဖို့က အဓိကခေါင်းစဥ်မဟုတ်ပေမဲ့ ဒီကမ္ဘာကြီးထဲမှာ 'ဇာတ်ဆောင်' 'ဇာတ်ရံ' ဆိုတဲ့အရာက သူတို့ရဲ့အချင်းချင်း အခြေခံယုံကြည်မှုရယူနိုင်မဲ့အရာကြီးကို လုံးဝပယ်ဖျက်ခံထားရတာဖြစ်တယ်။

ဒူရိရှင်း လည်း သူ့လည်ပင်းကိုထိလိုက်ကာ အနည်းငယ်ပိတ်လှောင်နေသလို ခံစားနေရတယ်။တစ်ယောက်ကိုတစ်ယောက် သံသယတွေနဲ့ကြည့်နေကြတဲ့ လူတွေကို သူတစ်ချက်ကြည့်လိုက်မိတယ်။သူ့ဘေးကလူကတော့ သားကောင်တွေကို ကြည့်နေတဲ့သားရဲအကြည့်တွေနဲ့...

သတ်ပစ်ချင်တယ်
သတ်ပစ်ချင်တယ်
သတ်ပစ်ချင်တယ်

"..."

ဒူရိရှင်း ဘေးကိုတိတ်တဆိတ်ရွေ့သွားတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်ကားတစ်ကားက သဘာဝကျဖို့အတွက် သူတို့အနေနဲ့ ဆက်ပြီးအတူရှိနေကြဖို့ တွန်းအားပေးနေကြရဦးမှာ ဖြစ်တယ်။အနည်းဆုံး ဇာတ်ရံတွေဟာ ရွေးချယ်ခွင့်ရ အခွင့်ထူးခံ ဇာတ်ဆောင်ရဲ့ ဘေးကနေထွက်သွားလို့မရ။ဒီ ကြောက်စရာဇာတ်ကားကြီးရဲ့အဓိက ဇာတ်ဆောင်ဘေးကနေသာ ရုတ်တရက် ကွဲထွက်သွားတဲ့လူကတော့ ....အို ငါ့ကောင်ရေ

သူအရင်ဆုံး လေထုကိုဖြိုခွဲဖို့ဆုံးဖြတ်လိုက်ပြီး ကျယ်ကျယ်လေးပြောလိုက်တယ်။

"အရင်ဆုံး အားလံုးလေထုက ဒီလောက်အထိ ပြင်းထန်မနေကြပါနဲ့ဦး။အနည်းဆုံး တော့ ကျွန်တော်တို့အားလုံးက ဒါကိုအဆုံးသတ်ချင်ကြတာချင်းတူကြတာပဲလေ။အဲ့ဒီတော့ ကျွန်တော်တို့အချင်းချင်းအရင်ဆုံး မိတ်ဆက်ကြည့်သင့်တယ်မလား။ဒါမှမဟုတ်ရင် ကျွန်တော်တို့တွေ တစ်ယောက်ကို တစ်ယောက်ဘယ်လိုခေါ်ရမလဲ သိမှာမဟုတ်ဘူးလေ"

Survival Game ထဲရောက်တော့ ငါ့ရဲ့ Single ဘဝလေးကိုစွန့်ပစ်လိုက်တယ် Where stories live. Discover now