🍁//Chapter-1//🍁

1.5K 51 18
                                    

Unicode🍊

1945ခုနှစ်.....Decemberလ.. 2ရက်

''နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ
ငါတို့ရဲ့Khaotungလေး''

ရထားပေါ်က ဆင်းဆင်းချင်း အနားကို
ရောက်နေပြီဖြစ်တဲ့
အစ်မဖြစ်သူရဲ့ ရင်ခွင်ထဲကိုတိုးဝင်သွားတဲ့
Khaotung..........

''အရမ်းကိုလွမ်းနေခဲ့တာဗျာ...''

သဘောထားချင်းမတိုက်ဆိုင်တော့လို့
ကွာရှင်းလိုက်ကြတဲ့ မိဘနှစ်ပါးကြောင့်
မောင်နှမနှစ်ယောက်ဟာ....ရှင်ကွဲကွဲနေခဲ့တာ
နှစ်ပေါင်းမနည်းခဲ့...စာပို့၍ဆက်သွယ်လို့ရသော်ငြား....လူချင်းအခုမှဆုံရတော့သည်။

''ကြည့်ပါဦး....15နှစ်သာကြာသွားတယ်
မမရဲ့Khaotungလေးကတော့ အရင်ကလိုပဲ3နှစ်သားလေးနဲ့တူနေတုန်း.......အရမ်းကိုချွဲတာပဲ...မှန်မှန်ပြောစမ်းအဖေက အများကြီး
အလိုလိုက်ထားတယ်နဲ့တူပါရဲ့''

အဖေဖြစ်သူ ကိုဘယ်လောက်တောင် လွမ်းဆွတ်နေကြာင်းပြောစရာမလိုပဲနဲ့
မမရဲ့မျက်ဝန်းတွေဟာ သက်သေ........

''အဖေလည်း နောက်နှစ်လောက်ဆို ဒီကို
လိုက်လာလိမ့်မယ်....အဖေကပြောတယ်
သားအမေခွင့်လွှတ်တာခံရဖို့ တစ်ကြိမ်လောက်တော့ဖြစ်ဖြစ်ကြိုးစားကြည့်ချင်
တယ်တဲ့''

''ဒါဆိုရင်တော့ မမတို့မိသားစုလေး
စုံလင်လာတော့မှာပဲ
အို......ေကာင်းလိုက်တာ''

အစ်မဖြစ်သူရဲ့ ဒီလိုအပြုံးမျိုးကို မမြင်ခဲ့ရ
တာဟာ Khaotung အတွက်တော့ နှစ်ပေါင်းများစွာကြာရစ်နေခဲ့ပါပြီ...........ချိုမြမြရှိတဲ့အပြုံးတွေရယ်... မမရဲ့အလှဟာလိုလေသေးမရှိအောင်ကိုပြီးပြည့်စုံလှပါ
သည်။

''အိမ်ကမရောက်သေးဘူးလား.....မမရဲ့''

မြေနီလမ်းလေးအတိုင်း.....
အတော်အတန်လျှောက်ပြီးတာတောင်
အိမ်ကိုမရောက်နိုင်သေးတဲ့အတွက်..
အစ်မဖြစ်သူကိုကြည့်ရင်း Khaotung
တစ်ယောက် ရေရွတ်လိုက်သည်။

''ခဏနေရင် ရောက်တော့မှာပါ......
ဒီပွဲဈေးတန်းကို ကျော်သွားပြီး....ဟိုရှေ့နား
ဆိုရင် ရောက်ပြီ္ရယ်''

Khaotung မေးလိုက်သည့် မေးခွန်းကို မမ
ကတော့ အပြုံးမပျက် ပြန်ဖြေလေသည်။
ဘယ်လောက်တောင် ဖြူစင်လိုက်သလဲ။
Khaotungဟာတစ်ရက်ကို 24နာရီနီးပါး....
အပြုံးအရယ်မရှိနေတက်ပေမဲ့........
မမကတော့ တစ်ချိန်လုံး ပြုံးနေတတ်တာ.....
မြင်သူရင်အဖို့ အေးသွားစေသည့်..အပြုံး
မျိုးနှင့်........

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now