🍁//Chapter-5//🍁

474 29 9
                                    

Unicode🍊

''ကျုပ် အသေးကောင်လေးက.... သိပ်ချစ်ဖို့ကောင်းတာပဲ"

သူ့ရဲ့အသေးကောင်လေးဟာ ဘာမှမပြောတော့ပဲ....ကျောပေးလို့ထွက်သွားလေတော့.....တစ်ယောက် တစ်လမ်းဆီ သွားရခြင်းမလို့.....မြို့အုပ်မင်းမှာ....
သမင်လည်ပြန်ငေးကြည့်ရတာက...ခပ်များများ.......

"အမလေး..အမလေး..မြို့အုပ်မင်း ရယ်...ဈေးဗန်းကြီးလည်းဝင်တိုက်မိပါအုန်းမယ်ဗျာ..."

Pat(ပတ်ပ်)က ဈေးဗန်းနဲ့ တိုက်မိလုနီးနီး ဖြစ်သွားတဲ့ မြို့အုပ်မင်း ကို လက်မောင်းကဆွဲလို့ ပြောလာသည်။
မြို့အုပ်မင်း မှာလဲ ရှက်ရှက်နှင့် ဈေးသည်ကို
တောင်းပန်လိုက်ရင်း................

''ကျုပ်ရဲ့ အသေးကောင်လေးကို.....ကျုပ်စိတ်မချလို့ပါ Pat(ပတ်ပ်)~~တော်ကြာ
ဇာတ်လမ်းတွေထဲကလို... မကောင်းတဲ့လူတွေ လိုက်နှောင့်ယှက်​ြကမှာ စိုးရိမ်လို့...."

ထပ်ပြီး... အသေးကောင်လေးရဲ့..နောက်ကျောကို ငေးလို့ မြို့အုပ်မင်း က ဆိုပြန်သည်......

"ဒီမြို့မှာလေ....မြို့အုပ်မင်း ရဲ့အသေးကောင်လေးဆိုတဲ့.Khaotung ကို လိုက်ပြီးနှောင့်ယှက်မဲ့ လူဆိုးဆိုလို့ မြို့အုပ်မင်း အပြင်မရှိဘူး လားလို့...."

Pat(ပတ်ပ်)က ခပ်ပြုံးပြုံးပြောတော့
မြို့အုပ်မင်းက.......

"ကျုပ်က ဆိုးတာမဟုတ်ပါဘူး.....ကျုပ်က အသေးကောင်လေးကို အသဲနင့်အောင်ကို ချစ်တာပါဗျာ...."

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

"ဟယ်...မြို့အုပ်မင်း.... မလာစဖူး..အလာထူးလိုက်တာ...အိမ်ထဲကိုကြွပါအုန်း..."

ကြီးသူကို ရိုသေရမည့်အစား ကြီးသူက
ရိုသေနေသည့် မြင်ကွင်းကို မြင်ရတာကြောင့်
Khaotung ဧည့်ခန်းထဲကနေ ထဖို့ရာ ပြင်လိုက်တော့သည်။

"ကျွန်တော့်ကို မြို့အုပ်မင်း လို့ မခေါ်ပါနဲ့
ဒေါ်ဒေါ်ရယ်....သားလို့ပဲခေါ်ပါလားဗျာ
ရင်းရင်းနှီးနှီးပေါ့....မဟုတ်ဘူးလား"

ထွက်သွား ဖို့ရာပြင်နေသည့် Khaotung ကိုကြည့်ရင်း မြို့အုပ်မင်း ဆိုလိုက်သည်။အသဲအသက်ကလေးက မြို့အုပ်မင်း အကြိုက်
အပြာရောင် အနုကလေးနဲ့.......
မြင်ရသည့် အဖို့အေးချမ်းလိုက်တာကွာ....

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Opowieści tętniące życiem. Odkryj je teraz