🍁//Chapter-3//🍁

546 29 12
                                    

Unicode🍊

သူတို့ရပ်နေသည့်နေရာနှင့်အကွာ
မှာ.....တဖြည်းဖြည်းနှင့်
လူတွေစု အုံလာပြီး.......အကြည့်တွေအားလုံး
ကတော့....
သူတို့နှစ်ယောက်ဆီမှာ...........

"အဟမ်း"မြို့အုပ်မင်း ရဲ့ ချောင်းဟန့်သံ
ကြားမှ လူအားလုံးလဲ ပုံမှန်ပြန်ဖြစ်သွား
သလို.....Khaotung ဟာလဲ
မျက်စောင်းလေးထိုးကာ...ထွက်သွား
ပြီဖြစ်သည်။

"ဘာကြောင့်များ ဒီလောက်ထိ
သည်းခံ နေရတာလဲ.....
မြို့အုပ်မင်း ရယ်....ဒီလောက် အပြောအဆို
ရမ်းကားနေတာ....
တကယ်တော့ မှတ်လောက်သားလောက်အောင် အချုပ်ထဲကို...ထည့်လိုက်တာ
မဟုတ်ဘူး"

မြို့အုပ်မင်း ရဲ့
အပါးတော်မြဲ......အတွင်းရေးမှူးPat(ပတ်ပ်)
ဟာ သူနဲ့အမျိုးတော်ရမည့် အမျိုးသားလေး
ကိုပြောဆိုနေလိုက်လေခြင်း။

"တကယ်ဆို.....
ကျွန်တော် အဲ့လိုလုပ်ခဲ့ရင် ခဗျားက
သူတို့မိသားစု မျက်နှာနဲ့တားရမှာ
မဟုတ်ဘူးလား"

မြို့အုပ်မင်း အဲ့သလိုပြောလိုက်မှ
Pat(ပတ်ပ်) သတ်ပြင်းသဲ့သဲ့ချလို့......

"ကျွန်တော် သူတို့မိသားစု ကို
သဘောကျသလောက်....အဲ့ဒီ့ကောင်လေးကို
တော့ သဘောမကျပါဘူး မြို့အုပ်မင်း ရယ်..
ရှေ့လျှောက်တော့.........
ခက်ရချည်ရဲ့ဗျာ"

ငိုင်နေတဲ့ Pat(ပတ်ပ်) ကို
မြို့အုပ်မင်း စောင်းငဲ့ ကြည့်လို့ သဘောကျ
စွာ ရယ်လိုက်ရင်း.......

"ထင်သလောက်လဲ....ကျွန်တော့်အသေးကောင်လေးက မဆိုးပါဘူးPat(ပတ်ပ်)ရယ်...
အလိုလိုက်ခံ လူတန်းစားလေးမို့ ထင်ပါရဲ့
...မဆိုသလောက်လေး
ဂျစ်ကန်ကန်နိုင်နေရုံပါ....."

အခုမှ စတွေ့တဲ့ လူတစ်ယောက်ကို
မြို့အုပ်မင်း က ဘယ်တုန်းကမှ သူ့စကားထဲ
ထည့်ပြောခဲ့တာမဟုတ်......

မြို့အုပ်မင်း ရဲ့ အိမ်အပြန်လမ်းဟာ
ထင်ထားတာထက်ကို သာယာခဲ့
သည်..... လမ်းတစ်လျှောက်
ကြွေကျလာတဲ့ သစ်ရွက်လေးတွေကို
ကြည့်ရင်း..တစ်စုံတစ်ယောက်ရဲ့
မျက်နှာကို မြင်ယောင်ကာ သဘောကျလာကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလာပြန်သည်။

ဒုက္ခပါပဲ....မြို့အုပ်မင်း တော့ နေ့တိုင်းသာ
ဒါမျိုးခံစားနေရရင် မြင်ယောင်နေမိရင်
Pat(ပတ်ပ်)​ပြောသလို ကြာလာရင်
ခက်ရချည်ရဲ့ဗျာ.....
တလှပ်လှပ်နဲ့ ခုန်နေတာလား
တုန်နေတာလားမသိတဲ့ နှလုံးသားကို
လက်လေးနဲ့ဖိထားတုန်း

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now