🍁//Chapter-7//🍁

443 34 8
                                    

Unicode🍊

''အလိုလေးလေး...ဘယ်သူများလဲလို့
ကြည့်နေတာ ကျုပ်ရဲ့အသေးကောင်လေး ဖြစ်နေပါရောလား"

ပန်းချီဆွဲစရာ ပစ္စည်းအပြည့်စုံကို တင်လို့ စက်ဘီးလေးကို တွန်းလာရှာတဲ့...အသေးကောင်လေး တစ်ယောက် ​
မြို့အုပ်မင်းကို မြင်တာနဲ့ လေပူတစ်ချက်ကို အရင်ဆုံး မှုတ်ထုတ်လိုက်သည်။

"ခင်ဗျား အတော်အားနေပါလား...မြို့အုပ်မင်းရဲ့ မြို့အနောက်ပိုင်းလဲ ခင်ဗျား...ဈေးထဲလဲခင်ဗျား....ဘုန်းကြီးကျောင်းသွားပြန်တော့လဲခင်ဗျား....ကျွန်တော့်အိမ်လဲခင်ဗျား...အခု ညနေခင်း ရှုခင်းလေးဆွဲဖို့ရာ မြို့အရှေ့ပိုင်းကို လာပြန်တော့လဲ...ခင်ဗျား"

လက်ချိုးရေတွက်ကာ ပြောတဲ့ အသေးကောင်လေးကြောင့် မြို့အုပ်မင်းဟာ ထုံးစံအတိုင်း ခပ်သဲ့သဲ့လေးရယ်ရင်း.......

"အရင် အခေါက်တွေက မတော်တဆ
တမင်တကာ တွေ့ကြတာဖြစ်ပေမဲ့...
ဒီတစ်ခေါက်ကတော့ တကယ် မတော်တဆပါ...ကျုပ်ရဲ့ အသေးကောင်လေးရယ်...စဥ်းစားကြည့်လေ ဒီနေရာကို ဘယ်သူအရင်ရောက်တာလဲ....ကျုပ်က အသေးကောင်လေး မရောက်ခင်ကတည်းက ရောက်နေတာပဲကို.......။

ဒါနဲ့ ဒီနေ့ ကျုပ်နဲ့ အသေးကောင်လေးတွေ့တာ တစ်...နှစ်...သုံး...လေး...ငါး... အယ် ရှစ်ကြိမ်..ဒီတစ်ခါနဲ့ဆို ကိုးကြိမ်..ညကျ ကျုပ်မြို့ထဲကို ဧည့်စာရင်းလာစစ်မှာဆိုတော့ ဆယ်ကြိမ် ပေါ့နော်...ဟေဟေ့ပျော်စရာကြီး"

''ဘယ်နေရာမှလဲ ပျော်ဖို့မကောင်းပဲနဲ့"

အသေးကောင်လေးဟာ ခပ်တိုးတိုးဆိုလို့
ပစ္စည်းတွေ သေချာပြင်ရင်း ပန်းချီဆွဲ ခြင်း
မှာသာ စိတ်နှစ်ထားသည်မို့....အနုပညာကို
မြတ်နိုးသူ ပီပီ မြို့အုပ်မင်းဟာ...ဘာစကားတစ်ခွန်းမှ မဆိုပဲ အလုပ်တစ်ခုဆီ အာရုံစိုက်နေတဲ့ အသေးကောင်လေးကိုသာ ငေးကြည့်လို့နေသည်။

တစ်ခုခုကို အာရုံစိုက်ပြီး လုပ်နေတဲ့အချိန်ဟာ ဆွဲဆောင်မှုရှိတဲ့ အချိန်တစ်ခုဆိုတာကို မြို့အုပ်မင်း သဘောပေါက်လာရသည်။

"အိုး...အသေးကောင်လေးရယ်..ဒီလောက်လှတဲ့ နေကြာခင်းကြီးကို လျစ်လျူရှု ပြီး ချုံပုတ်တွေဝန်းရံနေတဲ့ သစ်ပင်အိုကြီးပုံကို ဆွဲရလေသလား...အနုပညာမျက်စိမရှိလိုက်တာ"

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now