🍁//Chapter-4//🍁

499 33 7
                                    

Unicode 🍊

''ဘယ်လို Khaotung လေးက..... မြို့အုပ်မင်း ကို ပြဿနာ ရှာခဲ့တယ်၊ ဟုတ်လား"

အမေဖြစ်သူရဲ မကြည်တဲ့အကြည့်ဟာ
Khaotung ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်.... .15နှစ်ကျော် ကြာပြီးမှ ပြန်တွေ့ရတာမလို့...အမေဖြစ်သူနဲ့ ခပ်စိမ်းစိမ်း ဖြစ်နေရကြားထဲ မြို့အုပ်မင်း ကိစ္စက ကြားညှပ် ပါလာတော့ မာတာမိခင်ကျေးဇူးရှင်ရဲ့
စူးစူးဝါးဝါး အကြည့်အောက်မှာ Khaotung တစ်ယောက် တုတ်တုတ်မှ မလှုပ်ရဲခဲ့.......

"ဟာ....အမေကလဲဗျာ...သူတို့လို လူ့အမှိုက်တွေကို လမ်းမှန်ပြပေးချင်ရုံပါ"

ပြောနေတဲ့ကြားက တကဲကဲနှင့် အမှန်မမြင်နိုင်သေးတဲ့
Khaotung ကြောင့် Min(မင်မ်)ဟာ သူရဲ့အနားကိုဝင် ထိုင်လိုက်ရင်း........

"ဒီနယ် တစ်ဝိုက်မှာလေ.....မြို့အုပ်မင်း
မကောင်းကြောင်းပြောတဲ့လူ ရှိလဲမရှိသလို.....ရှိခဲ့ရင်လဲ အဲ့လူတော့ အနေအစားမချောင်ဘူးဆိုတာ...သိရဲ့လား..Khaotung လေးရဲ့....''

ထုံးစံအတိုင်း အပြုံးတွေနဲ့အတူ အစ်မက ပြောလာခဲ့သည်။

"ဟာဗျာ....သူကဘာကောင်ကြီးမလို့ လူတိုင်းက သူမှသူ ဖြစ်နေရတာလဲ"

//ဒုန်း//
ခနဲ မြည်အောင် ကြက်သားကို ခုတ်လိုက်တာကြောင့် Khaotung မှာ လန့်ဖြန့်သွားရသည်။
မြို့အုပ်မင်း ဘက်တော်သား ပီသချက်....

"မင်း.....မြို့အုပ်မင်း ကို ဆက်အပုပ်ချနေအုန်းမယ်ဆို.....ငါ့အိမ်မှာ မနေနဲ့ဟေ
သွားချင်တဲ့ နေရာသာသွားနေတော့"

အမေဖြစ်သူစကားကြောင့် Khaotung မှာ
ရေသောက်နေရာမှတောင်
သီးရသည် အထိ...

"အမေ...သားက ဒီမှာမနေလို့ ဘယ်သွား
နေရမှာလဲ......
အမေနဲ့ အမ ​မျက်နှာကြောင့် ဒီနယ်မြို့လေးကို နှစ်ရက်ခရီးနဲ့လာရတာ....
ဘယ်လောက်ပင်ပန်း တယ်ထင်လဲ"

Khaotung မူပိုစွာ အမေဖြစ်သူရဲ့ ခါးလေးကို ဖက်လို့ ချွဲနေလေတော့......

"မသိဘူးကွယ်...မြို့အုပ်မင်း
မကောင်းကြောင်းတော့
အမေ့ရှေ့မှာ မပြောနဲ့ အမေမကြိုက်ဘူးသားရယ်...."

Khaotung လဲ မျက်လုံးစုံမှိတ်လို့......

" ကောင်းပါပြီခင်ဗျာ...ကောင်းပါပြီ...
အဲ့ဒီ့ သူတော်ကောင်းကြီးအကြောင်း ကျွန်တော် နည်းနည်းလေးမှ မဟတော့ပါဘူးခင်ဗျာ....ကျေနပ်ကြပြီလား တကယ်ပဲ..."

"ကျွန်တော့်ရဲ့မြို့အုပ်မင်း''Where stories live. Discover now